အောင်ပွဲရ မဒေါင်းလှ ကျေးရွာ ပြည်သူ့စစ်

Views

 

စက်တင်ဘာ ၂၄ ရက်


ကန့်ဘလူမြို့ ဗျူဟာမှူးကြီး၏ အနီးကပ်စီမံဆောင်ရွက်မှုတို့ဖြင့် အောင်ပွဲရ မဒေါင်းလှ ကျေးရွာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် ရွာသူ/ သားများအား ကြိုဆိုပွဲသို့ ... ၅၅၀ ဆရာတော် ဦးဝါသဝ၊ ကန့်ဘလူ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တကရ တပ်ရင်းမှူးကြီး၊ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြိုနယ်အဆင့် ဌာနဆိုင်ရာများ နှင့် ကန့်ဘလူမြိုဒေသခံ ပြည်သူလူထုများမှ အိုးစည် ဒိုးပတ်၊ အောင်သပြေပန်း၊ ရေသန့်ဘူး၊ အအေးဘူးများဖြင့် သောင်းသောင်းဖျဖျ ‌ကြိုဆိုကြပါသည်။

-

အောင်ပွဲရ မဒေါင်းလှ ပြည်သူ့စစ်များနှင့် ရွာသူ/ရွာသားများအား ကန့်ဘလူ ဗျူဟာမှူးကြီး၊  ၅၅၀ ဆရာတော် ၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ နေရာချထားပေးခြင်း၊ နေ့လည်စာ ကျွေမွေးခြင်း၊  သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများအား သက်ဆိုင်ရာ တပ်မတော် အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများဖြင့် ဆေးဝါးကုသပေးခြင်းများပြုလုပ်ခြင်း၊ ကျောင်း/သူ များ ပညာဆက်လက်သင်ယူနိုင်ရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အောင်ပွဲရ မဒေါင်းလှပြည်သူ့စစ်များနှင့် ရွာသူ/သား များအား ရင်းနှီးဖော်ရွေစွာဖြင့် လိုက်လံတွေ့ဆုံခဲ့ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

-

နစက အစိုးရ၏ ဆောင်ရွက်ချက် မှန်သမျှ အောင်မြင်ပါစေ။


ပုံ/ ၅၅၀ ဆရာတော်


KT 

Post a Comment

Previous Post Next Post