ခင်ဦးနယ်၊ မဒေါင်းလှ နှင့် ကန့်ဘလူနယ် မလည်တိုက်ပွဲများသည် တပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲသားများ၏ အောင်ပွဲဖြစ်

Views

 


ကျွန်းလှမီးအိမ်ရှင် -စက်တင်ဘာ ၂၂


မလည်စခန်းမကျရေးအတွက် တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များဟာ အင်အားများပြားတဲ့ရန်သူတွေရဲ့ ခဏခဏ ဝင်းလုံးတာတွေ၊ တစ်ညလုံးချနေတဲ့ Drop ဗုံးဒဏ်တွေကြံ့ကြံ့ခံပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့အတွက် တိုက်ပွဲအောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မလည်စခန်းကို ကန့်ဘလူဘက်က KIA/PDF အဖွဲ့တွေတင်မကပဲ မန္တလေးဘက်က PDF အဖွဲ့တွေပါ လာတိုက်ခဲ့ပေမယ့် ခွေးပြေးဝက်ပြေး ပြေးရတာပါပဲ။ မလည်စခန်းက ရဲဘော်အားလုံးကို လေးစားဂုဏ်ပြုပါတယ်။


မလည်စခန်းတိုက်ပွဲအတွက် အခက်အခဲဖြတ်တောက်မှုတွေကြားကနေ စစ်ကူမရောက်ရောက်အောင် ထိုးဖောက်ဝင်သွားတဲ့ တပ်မတော်သားများနဲ့ ၅၅၀ဆရာတော်ရဲ့ပြည်သူ့စစ်အဖွဲ့တွေရဲ့ စွမ်းဆောင်ချက်တွေဟာလည်း အံ့မခမ်းပါပဲ။မဒေါင်းလှဖြစ်စဥ်တုန်းကလည်း လမ်းမှာအကြိမ်ကြိမ်ဖြတ်တောက်အတိုက်ခံရပေမယ့် သတ်မှတ်အချိန်အတွင်းရောက်အောင်သွားပြီး ကူညီပေးနိုင်ခဲ့ပါတယ်။


ကန့်ဘလူဗျူဟာမှူးကြီးရဲ့အနီးကပ်စီမံခန့်ခွဲမှု၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ တိုင်မှူးကြီး၊ ဒုတိုင်းမှူး၊ ပြည်သူ့စစ် G1 ကြီးနှင့် နမခ စစ်ဆင်ရေးခေါင်းပေါင်းများမှ လိုအပ်သည့်ပစ်ကူများကို အချိန်မှီဆောင်ရွက်ပေးခဲ့တဲ့အတွက် မလည်စခန်းကိုလာတိုက်တဲ့ PDF တွေဟာ အကျအဆုံးများစွာနဲ့ဆုတ်ခွာလျှက်ရှိပါတယ်။ လက်ရှိအချိန်အထိ မိမိတိုတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းလျှက်ရှိပါတယ်။


ဖြစ်စဥ်များအတွင်း ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာသို့ လာရောက်တိုက်ခိုက်ခဲ့သည့် PDF အကြမ်းဖက်များထံမှ သံပြားကာ ဘက်ဟိုးယာဥ် ၁ စီးအား တပ်မတော်သားများ(ခမရ - ၃၆၁)စစ်ကြောင်းနှင့် ပသစ(မဒေါင်းလှ) အဖွဲ့များမှ လည်းကောင်း၊ ကန့်ဘလူဗျူဟာ ကကမအောက်ရှိ မလယ်ရွာစခန်းအားတိုက်ခိုက်ခဲ့သော PDF အကြမ်းဖက်များထံမှ သံပြားကာ ဘက်ဟိုးယာဥ်၁စီးအား တပ်မတော်သားများ(တတက-၁၃)နှင့် ရဲတပ်ဖွဲ့ဝင်များ(နမစ-မလယ်)ကလည်းကောင်း

စုစုပေါင်း သံပြားကာ ဘက်ဟိုးယာဥ်(၂)စီး  သိမ်းဆည်းရရှိထားပါကြောင်း ရရှိသတင်းအားဖော်ပြအပ်ပါသည်။


တရားသောစစ် အောင်ရမည်

Post a Comment

Previous Post Next Post