ထိုင်းရောက်ရွှေမြန်မာများသို့

Views


ထိုင်းမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာတွေအနေနဲ့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်နေတဲ့ သူတွေကတော့ ထားလိုက်ပါတော့။ ဒါပေမယ့် တရားဝင်ဗီဇာ မဟုတ်ဘဲ ဟိုအဖွဲ့အစည်းကတ်၊ ဒီအဖွဲ့အစည်းကတ်၊ ဇိုးကတ်၊ ရပ်ကွက်နယ်မြေကတ်၊ ငြိမ်းချမ်းရေးကတ် ဘာညာတွေနဲ့ နေထိုင်သူအားလုံးကို ဖမ်းဆီးအရေးယူတော့မှာဖြစ်ပါတယ်။ အခုအချိန်ကာလ ရေဘေးကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေး လုပ်နေပေမယ့် ကြုံရင်ကြုံသလိုဖမ်းကြပါတယ်။  

-

ဖမ်းဆီးရမိရင် ၂ မျိုးထပ်ခွဲပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံတော်အစိုးရမှ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူတွေဆိုရင်တော့ ဝရမ်းပြေးအဖြစ်နဲ့ အစိုးရချင်း တိုက်ရိုက်အပ်နှံမှာဖြစ်ပြီး ပုံမှန်တရားမဝင်နေထိုင်သူတွေကတော့ ထိုင်းနိုင်ငံတည်ဆဲဥပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်။

-

ထိုင်းနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် သက်ဆင်လက်ထက်တုန်းကတည်းက မြန်မာအစိုးရနဲ့ ထိုင်း သံတမန်ဆက်ဆံရေးတိုးတက်မှု အမြင့်ဆုံးဖြစ်ခဲ့တယ်။ ယခု သက်ဆင်ရဲ့ သမီး ပေတုံ လက်ထက်မှာ ဒီအတိုင်းပဲ ဖြစ်လာခဲ့တယ်။ အဓိကကတော့ စီးပွားရေးပါပဲ။ သူ့စီးပွားရေးကို လာထိရင် ထိုင်းက လုံးဝလက်မခံဘူး။

-

NUG/PDF တွေကြောင့် အာရှလမ်းမကြီး ပိတ်ခဲ့ရသလို နယ်စပ်ဂိတ်တွေလည်း ပိတ်ခဲ့ရတယ်။ ထိုင်းအတွက် ဒေါ်လာသန်းပေါင်းများစွာ နေ့စဉ်နစ်နာခဲ့ရတယ်။ စီးပွားရေးထိခိုက်လို ထိုင်းတွေ တင်းနေချိန်မှာ NUG တွေ၊ နီပိတ်တွေက ထိုင်းအစိုးရကို မြန်မာတွေရပိုင်ခွင့် ၁၀ ချက်ဆိုပြီး ဆန္ဒပြတောင်းဆိုတယ်။ ထိုင်းက လိုက်လျောမှု မရှိတဲ့အပြင် မြန်မာအလုပ်သမားတွေကို တစ်ရစ်ပြီး တစ်ရစ် ကြပ်လာတယ်။ နောင် ဒီထက်ဆိုးမယ်။

-

အခုဆိုရင် မြန်မာတွေ လမ်းဘေးမှာလည်း ဈေးမရောင်းရတော့သလို တရားမဝင်တွေကိုလည်း လိုက်လံဖမ်းဆီး နေပြီ။ အားလုံးဒုက္ခပင်လယ်ဝေနေကြပြီ။

-

အဓိက တရားခံကတော့ ထိုင်းရောက် NUG/PDF တွေနဲ့ နီပိတ်တွေပါပဲ။။။


KT

Post a Comment

Previous Post Next Post