တောင်အာရှနိုင်ငံများကပေးတဲ့ သင်ခန်းစာ

Views

 

အင်ဒိုပစိဖိတ်ဒေသအတွင်းမှာ အမေရိကန်၊တရုတ်၊ အိန္ဒိယတိုရဲ့အားပြိုင်မှုတွေကြောင့် တောင်အာရှဒေသတွင်းက တရုတ်ဘက်ယိမ်းတဲ့ အစိုးရအဖွဲတွေပြုတ်ကျပြီး နိုင်ငံ့ခေါင်းဆောင်တွေထွက်ပြေးခဲ့ရပါတယ်။

-

ထူးခြားတဲ့တိုက်ဆိုင်မှုကတော့ တရုတ်ယိမ်းအစိုးရတွေပြုတ်ကျပြီး အမေရိကန်ဩဇာလွှမ်းမိုးတဲ့အစိုးရတွေ ပြောင်းလဲလာတဲ့နိုင်ငံတွေဟာအိန္ဒိယရဲ့အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တာကို သတိပြုမိကြမှာပါ

-

၂၀၂၂ ခုနှစ်က ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခမ်း အစိုးရပြုတ်ကျခဲ့တဲ့ဖြစ်စဉ်

သီရိလင်္ကာသမ္မတ ဂိုဒါပယာ ရာဂျာပတ်ဆာ ပြုတ်ကျပြီး မော်လ်ဒိုက်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ဖြစ်စဉ်

၂၀၂၄ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြုတ်ကျပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်

တွေဟာ တရုတ်နဲ့ အိန္ဒိယတိုရဲ့ဒေသတွင်းဩဇာလွှမ်းမိုးနိုင်ရေး အားပြိုင်မှုမှာ အမေရိကန်ရဲ့ကြိူးကိုင်မှုကြောင့် တရုတ်ယိမ်းအစိုးရတွေ ရှုးနိမ့်ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ 

-

အဲ့ဒီဖြစ်စဉ်တွေမှာ အဲ့ဒီသုံးနိုင်ငံက အစိုးရတွေက တရုတ်နိုင်ငံရဲ့ကူညီထောက်ပံ့မှုတွေ အများဆုံးရယူသလို  တရုတ်နိုင်ငံနဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာ တိုးမြင့်ဆောင်ရွက်ခဲ့ကြလို တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုပိုမိုမြင့်တက်ခဲ့ပြီး အမေရိကန်နဲ့ အိန္ဒိယတိုရဲ့ မျက်စိဆံပင်မွှေးစူးခြင်း ခံခဲ့ရပါတယ်။

-

တရုတ်ဝိုင်းပတ်ပိတ်ဆိုရေးလုပ်နေတဲ့ အမေရိကန်က သူ့ရဲ့ QUAD မဟာမိတ်အဖွဲဝင် အိန္ဒိယနဲ့ပူးပေါင်းပြီး အဲ့ဒီသုံးနိုင်ငံကို တရုတ်ဩဇာလွှမ်းမိုးမှုက လွတ်မြောက်အောင် သူတိုကြိုးကိုင်လိုရမယ့် နိုင်ငံခေါင်းဆောင်နဲ့ အစိုးရအဖွဲ ကိုပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

-

အလားတူ အင်ဒိုပစိဖိတ်ဒေသအတွင်း ပထဝီနိုင်ငံရေးအရ အချက်အခြာကျတဲ့ မြန်မာနိုင်ငံဟာ အင်အားကြီး အိန္ဒိယ၊တရုတ်နိုင်ငံတိုနဲ့ နယ်နမိတ်ထိစပ်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတိုရဲ့ အားပြိုင်မှုကြားထဲမှာ ကျရောက်နေတဲ့ နိုင်ငံဖြစ်လို အဲ့ဒီသုံးနိုင်ငံဖြစ်စဉ်ကိုသင်ခန်းစာယူပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးကိစ္စတွေမှာ အင်အားကြီးနိုင်ငံများနဲ့ ဘက်ညီမျှတဲ့ ဆက်ဆံရေးမျိုး လုပ်ဆောင် သွားရမှာပဲဖြစ်ပါတယ်။

-

မြန်မာနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံတည်ငြိမ်အေးချမ်းဖိုအတွက် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကြားမှာ ကြားညှပ်မခံရစေဖို သံတမန်ရေးရာကြွယ်ဝဖိုလိုအပ်ပြီး အင်အားကြီးနိုင်ငံများနဲ့ ဆက်ဆံရာမှာလည်း အထူးသတိပြုရမှာပဲဖြစ်ပါတယ်။

                                                                


အောင်ရှင်း

Post a Comment

Previous Post Next Post