တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ရပ်တည်ချက်နှင့် မြန်မာပြည်သူတို၏ သဘောထား

Views


    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ရောက်ရှိ လာပြီးနောက်ပိုင်း မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့အကြား တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွေ ပိုမိုတိုးတတ်ကောင်းမွန်လာကာ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခများ တည်ငြိမ်ရေးကို အထူးလိုလားလျက်ရှိကြောင်း အထင်အရှားတွေ့မြင်လာရပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဟာ အစဉ်အလာကောင်းသော၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြပါတယ်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်း ဖြစ်တည်မှုနှင့် နည်မြေတည်တံ့မှုတို့အား ထိန်းသိမ်းကာကွယ်ခြင်းကို  ခိုင်မာစွာထောက်ခံအားပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့ ပြည်တွင်းရေးပဋိပက္ခများနဲ့ စစ်ပွဲဖြစ်ပွားနေမှု များကို ဆန့်ကျင်လျက်ရှိပြီး မြန်မာပြည်ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားရန်လိုလားလျက်ရှိကြောင်း တရုတ်အစိုးရမှ ပြောကြားထားရှိပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာ-တရုတ် ဆက်ဆံရေးကို မလိုလားတဲ့ အနောက်အုပ်စုလက်ဝေခံ NUG အပါအဝင် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက “တရုတ်သည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရုံတင်မက မြန်မာပြည်သူများကိုပါ စစ်ရေးအရ ခြိမ်းခြောက်သည်” ဟု ဝေဖန်စွပ်စွဲချက်များနဲ့ ထိုးနှက်ခဲ့ကြပါတယ်။ အမှန်တကယ်တွင် တရုတ်သည် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ခဲ့သလို မြန်မာ ပြည်သူများ၏ အကျိုးစီးပွားနှင့် မြန်မာပြည် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တို့အပေါ် အမေရိကန်အထောက်အပံ့ရယူနေသော NGU နှင့် အပေါင်းအပါအဖွဲ့တို့၏ စွပ်စွဲချက် သက်သက်သာဖြစ်ပါသည်။

          ယခုလက်ရှိ တရုတ်အစိုးရနှင့်မြန်မာအစိုးရ  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ချက်များကို လေ့လာ ကြည့်ပါက          မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအသစ် Ms. Ma Jia သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာပြည်သူတို့၏ အကျိုးနှင့်ဆက်စပ်ပြီး ဆောင်ရွက်ချက်များကို   စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ကျန်းမာရေး ဝန်ကြီးနှင့်တွေ့ဆုံ၍ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အနုပညာရှင်ကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံ လေ့လာရေးခရီးစဉ်ကိုသွားရောက်ခြင်းဖြင့် နှစ်နိုင်ငံ အနုပညာနှင့် ယာဉ်ကျေးမှုစသည့် ချစ်ခင်ရင်းနှီးမှုများ ကူးလူးဖလှယ်ခြင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာ ကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံလေ့လာရေးခရီးစဉ်ကိုလည်းကောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း လုပ်ငန်းဖော်ဆောင်မှုအခြေအနေ၊ တရုတ်-မြန်မာ အရပ်ဘက်ကူးလူးဆက်ဆံရေးစသည်တို့နှင့် အမြင်ချင်းပူးပေါင်းဖလှယ်မှုကိုလည်းကောင်း၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ ပြည်သူအချင်းချင်း စိတ်နှလုံးနီးစပ်မှုမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုအမြင်ချင်းဖလှယ်၍လည်းကောင်း၊ တရုတ်-မြန်မာ အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လှူဒါန်းခြင်းများကိုလည်းကောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တည်ဆောက်ခြင်းကို ပိုမိုလုပ်ဆောင်သွားကာ မြန်မာနိုင်ငံ စီးပွားရေးနှင့် ပြည်သူလူထုလူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ကူညီထောက်ပံ့မှု များဖြင့် မြန်မာပြည်သူများကို အကျိုးပြုသွားရန် လုပ်ဆောင်သွားလိုကြောင်းကိုလည်းကောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များကို တရုတ်နိုင်ငံသို့ ပိုမိုတင်သွင်းခွင့်ရရှိရေးတို့ကိုလည်းကောင်း စတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို နိုင်ငံပိုင်မီဒီယာများနှင့် ရုပ်မြင်သံကြားတို့တွင်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်းကောင်း မြန်မာပြည်သူများမှ မျက်ဝါးထင်ထင်မြင်တွေ့ နေကြရသည်ဖြစ်ပါသည်။

          သို့ပါ၍ အထက်ပါလုပ်ဆောင်ချက်များကို သုံးသပ်ကြည့်ခြင်းအားဖြင့် တရုတ်သည် မြန်မာ ပြည်သူများကို  ရန်သူလို သတ်မှတ်သလော သို့တည်းမဟုတ် မိတ်ဆွေလို သဘောထားသလော ဆိုသည်ကို မိဘပြည်သူများ အကဲဖြတ်သတ်မှတ်နိုင်မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံသံရုံး Facebook Page ဖြစ်သော Chinese Embassy in Myanmar တွင် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ပြလျက်ရှိရာ မြန်မာပြည်သူတို့၏ အပြုသဘောဆောင်သော မှတ်ချက်များကို ဝင်ရောက် ဖတ်ရှုခြင်းအားဖြင့်လည်း တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူတို့၏ သဘောထားအမှန်ကို မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်မြန်မာပြည်သူတို့၏အကျိုးကို မျှော်ကိုးကာ အိမ်နီးချင်းကောင်း မိတ်ဆွေနိုင်ငံကြီး ပီသစွာဖြင့် ထောက်ခံရပ်တည်လျက် ရှိနေသည်ကို မြန်မာပြည်သူတစ်ယောက်နေဖြင့် တွေ့မြင်ရပါကြောင်း ဖော်ပြလိုက်ရပါသည်။

Post a Comment

Previous Post Next Post