ရေဘေးသင့်ဒေသခံပြည်သူများအား သွားရောက်အားပေးထောက်ပံ့

Views

 

တောင်ငူ စက်တင်ဘာ ၁၉

ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက် တို့နှင့်အတူ ရေတာရှည်မြို့နယ်၊ ပိတောက်စမ်းကျေးရွာ၌ ရေပြန်လည်ကျဆင်းသွားသည့် အခြေခံပညာမူလတန်းလွန်ကျောင်း၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ၊ ဘိုးတော်ကုန်းဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၊ တောင်ငူမြို့၊ (၁၀)ရပ်ကွက်၊ အုတ်ကျွတ်(၁)မူလတန်းလွန်ကျောင်း နှင့် ရွှေဂူကြီးဘုရားတို၌  ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားသုံးဖွယ်ရာများ  စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်းသိရှိရသည်။

Post a Comment

Previous Post Next Post