၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ အထူးမိုးလေဝသ သတင်း

Views


လာအိုနိုင်ငံအလယ်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သောမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများသို့ ရောက်ရှိကာ အားလျော့သွားခဲ့သည်။ အဆိုပါမုန်တိုင်းငယ်သည် ဆက်လက်ရွေ့လျားနေပြီး နောက် (၂၄)နာရီအတွင်း ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း တိုကို ဆက်လက်ဖြတ်ကျော်နိုင်ပါသည်။

-

မုန်တိုင်းအရှိန်ကြောင့် ယနေ့မှ စက်တင်ဘာ ၂၅ ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မုံးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ ရှမ်းပြည်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

-

သို့ဖြစ်၍ မိုးသည်းထန်ရွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်/ ချောင်းငယ်များ အနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် မိုးဇလမှ အသိပေး နှိးဆော်ထားပါသည်။

Post a Comment

Previous Post Next Post