တိတ်တိတ်လေး တောက်ခေါက်ခဲ့ရဖူးတယ်

Views



မိုခါ မလာခင်မှာ ၊ လာမယ်လို့ ကြားကြားချင်းအချိန်ကစလို့ ပြီးသွားပြီး ပျက်စီးသွားရတဲ့ မြင်ကွင်းတွေကို ကြည့်မိရတဲ့အချိန်အဆုံးထိ ကိုယ်တွေရင်ထဲက လာတဲ့ သစ္စာတရားက ရခိုင်ပြည် အထိအခိုက်နည်းပါစေဆိုတဲစိတ်ပဲ ရှိခဲ့တယ်။ 

-

မိုခါအပြီး...ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်  ပြည်မထဲက ရဲသင်တန်းကျောင်းတွေကအစ သုံးခဲ့တယ်။ မီးသတ်တပ်ဖွဲ့တွေနဲ့ ပြည်မထဲက  ပရဟိတသမားတွေပါမကျန် လေယာဉ်နဲ့ ပို့ခဲ့ကြတယ်ပေါ့။ ဘယ်လောက်တောင် ရူးမိုက်တဲ့အမိန့်တွေ ပေးခဲ့ကြသလဲဆိုရင်.... မိုခါလာမယ့် စစ်တွေမှာကို  မုန်တိုင်းလာမှာ သိသိနဲ့ ကယ်ဆယ်ရေးလုပ်ဖို့ ကျန်းမာရေးဆရာဝန်တွေ စုပုံထားတဲ့ အခြေအနေမျိုးအထိ အင်တိုင်အားတိုက် သုံးခဲ့တယ်။ မှတ်ချက်ကတော့ နာဂစ်လို အသေအပျောက် မများစေရဘူးဆိုတဲ့ စိတ်ဆန္ဒကြောင့်ပဲ။ 

-

မိုခါအတွက် တပ်မတော်မှာရှိတဲ့ ကမ်းထိုးယာဉ်မှန်သမျှ သုံးခဲ့တယ်။ ဘိလပ်မြေတွေ၊ လမ်းမီးတိုင်တွေ၊ မရေတွက်နိုင်အောင်များပြားတဲ့ သွပ်ချပ်တွေဆိုတဲ့ ရုပ်ဝတ္ထုကအစ တပ်မတော်သားတွေရဲ့ လုပ်အားဒါနဆိုတဲ့  ခွန်အားတွေကအဆုံး အကုန်သုံးခဲ့ကြတယ်။ ခေါင်းစဉ်ကတော့ ရခိုင်ပြည်နယ် အမြန်ဆုံး ပြန်လည်ထူထောင်ရေး ဆိုတဲ့ မှတ်ချက်ပဲ။ 

-

တပ်မတော်က အရာရှိ ဗိုလ်ကြီး တစ်ယောက် လွှတ်တော်မှာ ပြောခဲ့သလိုပဲ။ အကူအညီပေးဖို ကမ်းတဲ့လက်ကို AA လက်နက်ကိုင်တွေက ကောင်းကောင်းကြီး  ကျေးစွပ်ခဲ့ကြတယ်။ ဆာဆာဝါ ကျေးဇူးရယ်၊ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်ကြောင့်  ကျေးဇူးတော်ကြီးမားစွာနဲ့ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ရုတ်သိမ်းပေးခဲ့တယ်။ အကျိုးကျေးဇူးအရတော့ ငြိမ်းချမ်းရေးဆိုတဲ့ သင်္ကေတ ပြယုဒ်တခုအောက်မှာ တပ်စခန်းပေါင်းများစွာ အတိုက်ခံရတော့တာပဲ။ ကိုယ့်စစ်သည်ပေါင်းများစွာ အသက်ပေးခဲ့ကြရတော့တာပဲ။ 

-

အလံဖြူပြထားတဲ့ လှေ၊ ကလေးသူငယ်တွေပါ ရှိနေတဲ့အထား၊ လှေနစ်တဲ့အခါ  ရေကူးတတ်လို့ ကမ်းပေါ်တက်လာတဲ့ အသက်တွေကိုတောင် ဓားနဲ့အလွယ်ပြေးခုတ်ခဲ့ကြတယ်။ ကြွေးကြော်သံက မလာနဲ့။ ဒါ ငါတို့ ရခိုင်ပြည်တဲ့။ တရားဝင်ရော၊ တရားမဝင်ရော ဘယ်မီဒီယာမှ မဖော်ပြခဲ့ကြတဲ့အခါ  တိတ်တိတ်ပဲ ကိုယ်တွေ တောက်ခေါက်ခဲ့ကြရတယ်။ 

-

စစ်ဘေးက ပြေးလို့လွှတ်နိုင်ပါ‌သေးတယ်။ မုန်တိုင်းဘေးလာရင်  မင်းတို ပြေးလို့ လွတ်ပါစေလိုပဲ ဆုတောင်းပါတယ်။


(နရီမိုး)

Post a Comment

Previous Post Next Post