မြန်မာပြည်သူလူထု၏ မိတ်ဆွေအစစ်ဖြစ်သော တရုတ်နိုင်ငံ

Views


နိုင်ငံအနှံ့အပြား ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကို မဖြစ်ဖြစ်အောင် NUG နှင့် အပေါင်းပါများက လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းအပေါ် ဆွဲတင်နေကြသည်။ တည်ငြိမ်အေးချမ်းသည့် မြန်မာနိုင်ငံအား စစ်မြေပြင်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့်အတွက် ပြည်သူအများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးရှောင်ကြရသည်။ မြန်မာနိုင်ငံကို အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နိုင်ရန် အနောက်အုပ်စုနိုင်ငံများက ကူညီပေးပြီး စီးပွားရေးအရပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သလို အစိုးရဆန့်ကျင်ရေးအင်အားစုများသို့ ငွေကြေးအပြင် တိုက်ခိုက်ရန်လက်နက်နှင့် နည်းပညာများကိုပင် အလုံးအရင်းဖြင့် ထောက်ပံ့ပေးနေကြောင်း သိရှိနေရသည်။ နိုင်ငံအတွင်းရှိ အစိုးရအားဆန့်ကျင်လျက်ရှိသည့် EAO အမည်ခံ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူများအား ထောက်ပံ့မှုများပေးကာ တိုက်ပွဲများဖော်ဆောင်စေခဲ့သည်။ ထိုကြောင့်လည်း မြန်မာနိုင်ငံ၏ သောင်းကျန်းသူများ အခြေပြုရာနယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရပါသည်။

-

မြန်မာ့အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိသည့်အနက် အဓိကစီးပွားဖက်နိုင်ငံများမှာ တရုတ်နှင့် ထိုင်း နိုင်ငံတို့ဖြစ်သည်။ အနောက်အုပ်စုမှ မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်နေသကဲ့သို မြန်မာ့အိမ်နီးချင်းနိုင်ငံများကိုလည်း စီးပွားရေးပိတ်ဆို့စေလိုသည်။ အိမ်နီးချင်းကောင်း ပီသစွာဖြင့် တရုတ်နှင့် ထိုင်း အစိုးရများက ပုံမှန်အတိုင်း မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည်။ ထိုကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရန် ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက် တိုက်ပွဲများဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ နယ်စပ်ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရပြီး နှစ်နိုင်ငံပြည်သူများနစ်နာကြရသည်။ နှစ်နိုင်ငံအစိုးရများ၏ ပို့ကုန်သွင်းကုန်များမှ ရရှိသော ဝင်ငွေများ များစွာဆုံးရှုံးနေရသည်။ ကုန်သွယ်ရေးလမ်းကြောင်းများ လုံခြုံချောမွေ့စွာ ပြန်လည် ဖွင့်လှစ်နိုင်ရေးသည် နှစ်နိုင်ငံအစိုးရများ၏ အလိုလားဆုံးသော ကိစ္စဖြစ်သည်။

-

MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူတို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာအစိုးရအား တိုက်ခိုက်သည်။ NUG သည် အမေရိကန်၏ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေသည်။ အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ ခန့်ကို သုံးစွဲနေသည်မှာထင်ရှားသည်။ မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က ထိုသို ငွေကုန်ခံဆောင်ရွက်နေခြင်းမှာ မြန်မာနိုင်ငံအတွင်း အမေရိကန်၏ အကျိုးစီးပွားများရှိ၍မဟုတ်ပေ။ ၎င်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံအား ထိုးနှက်နိုင်ရန်သာ ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး အဓိကဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်းများစွာရှိသည်။ တရုတ်နိုင်ငံအား ထိန်းချုပ်ရန် အတွက် မြန်မာနိုင်ငံအား ပစ်မှတ်ထားနေခြင်းဖြစ်သည်။

-

ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို လာရောက်ပြီး မြန်မာ့ အရေးနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များကို ကမ္ဘာသိချပြခဲ့သည်။ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို လိုလားပြီးအိမ်နီးချင်းကောင်း ပီသသည့် မိတ်ဆွေအစစ်ဖြစ်ကြောင်း ဖော်ပြသွားခဲ့သည်။ ထိုအရာနှင့်ဆန့်ကျင်ဘက်အဖြစ် မြန်မာနိုင်ငံသို တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိနေသည့်ကာလအတွင်း NUG မှခေတ္တသမ္မတဆိုသူ ဒူဝါလရှီးလနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဆူလီဗန် ၊ USAID မှ ချီဖာ တိုသည် Online မှ တွေ့ဆုံဆွေးနွေးပြီး အစိုးရကိုတော်လှန် တိုက်ခိုက်ရန်အတွက် အထောက်အပံ့နှင့် အကူအညီများကိစ္စဆွေးနွေးကာ မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းစေရန် ကြိုးပမ်း လုပ်ဆောင်နေသည်။ ယခုနှစ် ဇွန်လတွင် အမေရိကန် နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် ရှလက်သည်လည်း NUG ၏ အဓိက အဖွဲဝင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး အကူအညီ ဒေါ်လာ သန်း ၁၀၀ ကျော် ပေးမည်ဟုလည်း ကတိပြုခဲ့ကြောင်းသိရသည်။

-



မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းစေလိုသည်မှာ NUG အုပ်စုနှင့် ၎င်းတိုကို ထောက်ပံ့ ပေးနေသော အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုသာဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာ့အိမ်နီးချင်းကောင်းပီသစွာ မြန်မာအစိုးရဘက်မှ အပြည့်အဝရပ်တည်ပြီး ကူညီပေးသည်။ နယ်စပ်ဒေသတစ်လျှောက်ရှိ NUG လက်ဝေခံ MNDAA နှင့် TNLA လက်နက်ကိုင် သောင်းကျန်း သူအား ဖိအားပေးကာ နယ်စပ်ဂိတ်များကို ပိတ်ဆိုခြင်းအပါအဝင် သောင်းကျန်းသူများ အပေါ်အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ထိုသို နယ်စပ်ဒေသတစ်လျှောက်ရှိ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအပေါ် ပိတ်ဆိုအရေးယူမှုများ ဆောင်ရွက် ခြင်းသည် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်လည်ရရှိရေးအတွက်သာ ဖြစ်ပေ သည်။ မြန်မာပြည်သူအများ၏ မိတ်ဆွေအစစ်ဖြစ်သော တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များ အပေါ် မြန်မာပြည်သူလူထုမှလည်း အားပေးထောက်ခံနေပါကြောင်း တင်ပြလိုက်ရပါသည်။

Post a Comment

Previous Post Next Post