ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘီလာရုစ်နိုင်ငံတွင် နွေးထွေးစွာကြိုဆိုခွင့်ရလိုကြောင်း သမ္မတလူကာရှန်ကို ထုတ်ဖော်ပြောဆို

Views

 

ဘီလာရုစ်နိုင်ငံမြေပေါ်တွင် နစကအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နွေးထွေးစွာကြိုဆိုနှုတ်ဆက်ရန် ဆန္ဒရှိနေပြီး နှစ်နိုင်ငံကြား အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေးဆုံးဖြတ်လိုကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ဘီလာရုစ်နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး သံတမန်တည်ထောင်မှု ၂၅ နှစ်ပြည့်တွင် မိန့်ခွန်းပြောဆိုရာ၌ ထည့်သွင်းပြောဆိုလိုက်ကြောင်း သိရပါတယ်။

“ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကျွန်တော်တို နှစ်နိုင်ငံကြား ကျယ်ပြန့်တဲ့ စက်မှုလုပ်ငန်းအမျိုးမျိုးမှာ အပြန်အလှန်အကျိုးရှိစေဖို့၊ နိုင်ငံအချင်းချင်းဆက်ဆံရေးကို နက်ရှိုင်းစေရန်အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ချထားနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံသားတွေ အကျိုးစီးပွားရရှိစေဖို့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမယ် ” ဟု ဘီလာရုစ် သမ္မတလူကာရှန်ကိုက ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post