အိမ်နီးချင်းကောင်း ပီသသည့်နိုင်ငံများနှင့် မိတ်ဆွေဖြစ်ရတာလည်း လာဘ်ကြီးတစ်ပါးပါ၊ ခလုတ် ကန်သင်းများကြောင့် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးငါးပါးသီလ” မကျိုးပေါက်ပါ

Views

 


    မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် နှစ်ဦးကာလတွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လွတ်လပ်ရေးကြေညာခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းကို အာရှတိုက်ရှိမည်သည့်နိုင်ငံမှ အသိအမှတ်မပြုသေးမီ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကအသိအမှတ်ပြုခဲ့ပါသည်။ ထိုနောက် ၂၉ - ၆ - ၁၉၅၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံသို လာရောက်လည်ပတ်ပြီး “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်” (The five Principles of Peaceful Coexistence) ကို ကမ္ဘာသို့ နှစ်နိုင်ငံပူးတွဲကြေညာထုတ်ပြန်ခဲ့ပေသည်။ ထိုမူကြီး (၅) ရပ် စတင်ကြေညာသည့် ၁၉၅၄ ခုနှစ်မှ နောင်နှစ်ပေါင်းများစွာအထိ စာနယ်ဇင်းများက “နိုင်ငံရေး ငါးပါးသီလ” ဟု သုံးစွဲခဲ့ကြပါသည်။ ယင်းတို့မှာ-

(က)  နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်ပယ်တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက   လေးစားရန်၊

(ခ)  တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်ရန်စ တိုက်ခိုက်မှုမပြုလုပ်ရန်၊

(ဂ)  နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန်၊

(ဃ)  နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအဆင့်အတန်းချင်း တူညီမှုရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေရန်၊

(င)  နိုင်ငံရေးစနစ်ချင်း ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ဆက်ဆံပေါင်းသင်းနေထိုင်ကြရန်တို့ဖြစ်ပါသည်။

-

ထိုမူကြီး(၅)ရပ်၊ တစ်နည်းအားဖြင့် "ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးငါးပါးသီလ" ကို နှစ်နိုင်ငံလုံးက မကျိုးပေါက်အောင် စောင့်ထိန်းထားရှိသည့်အပြင် နှစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုတွေ ပိုမိုချစ်ကြည်ရင်းနှီးလာပြီး လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာတဲ့ အနာဂတ်ကို လျှောက်လှမ်း လျက်ရှိကြပါတယ်။ 

-

မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသည့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများနှင့်ပတ်သက်၍ လွန်ခဲ့သည့် အတိတ်ဖြစ်စဉ်များလည်းရှိခဲ့ပါသည်။ အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ဝါဒချင်းတူ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) သောင်းကျန်းသူများက   တရုတ်ကွန်မြူနစ်ပါတီကို ချဉ်းကပ်ပြီး မြန်မာ နိုင်ငံတွင် တိုက်ပွဲများဖော်ဆောင်ခဲ့သော်လည်း အိမ်နီးချင်းကောင်းပီသကြောင်း ပြသခဲ့သည့်အတွက် ခလုတ်ကန်သင်းတစ်ခုကဲ့သို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ရွေးကောက်ပွဲ မဲခိုးပြီး နိုင်ငံတော်အာဏာကို အဓမ္မရယူချင်တဲ့ NLD ပါတီက အကြမ်းဖက်သမားတွေနဲ့ အနောက်အုပ်စု အထောက်အပံ့ယူ ပြည်ဖျက်မီဒီယာတွေဟာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်”အပေါ် နှစ်နိုင်ငံပြည်သူများ၊ အထူးသဖြင့် မြန်မာပြည်သူများကို အထင်အမြင်လွဲမှားစေမည့် ဝါဒဖြန့်ချိမှုများကို အချိန်နှင့်တစ်ပြေးညီ လှုဆော်လျက်ရှိပါသည်။

-

အဓိကအားဖြင့် MNDAA ၏ ထုတ်ပြန်ကြေညာချက်သည် NUG အပါအဝင် အနောက်အုပ်စု အတွက်တော့ ၎င်းတို မလိုချင်သည့် အဖြေတစ်ခုပင်ဖြစ်သည့်အတွက် အနောက်အုပ်စု အထောက် အပံ့ယူ ပြည်ဖျက်မီဒီယာတွေမှာတော့ နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်စေမည့် ဝါဒဖြန့်သတင်းများ၊ ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်တဲ့ ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်စေဖို အမျိုးမျိုး ထုတ်လွှင့်နေအုံးမှာပင်ဖြစ်ပါတယ်။ မည်သိုပင်ဆိုစေကာမူ စစ်မှန်တဲ့“ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်”နှင့်အတူ နှစ်နိုင်ငံအစိုးရ၊ နှစ်နိုင်ငံပြည်သူများက ယခုထက်ပိုမို ချစ်ကြည် ရင်းနှီးပြီး အစဉ်ထာဝရလက်တွဲမဖြုတ်ဘူးဆိုတာ အကြမ်းဖက်သမားများအတွက်တော့ ဤမူကြီး (၅)ရပ်သည် နိမိတ်ဆိုးကြီးဖြစ်နေသည်မှာ ဧကန်မလွဲပင်ဖြစ်ပါသည်။

  

Post a Comment

Previous Post Next Post