ရေဘေးအလှူခံဆိုတိုင်း သတိပြုလှူကြရန်သတိပေးခြင်း

Views


အရင်က ပြည်သူတွေ ချွေးနဲစာတွေကနေပြီးတော့ သေနတ်ဖိုး ကျည်ဆန်ဖိုး အလှူခံ ဓါးပြ တိုက်နေတဲ့ ထောက်ပို့ ဆိုသူတွေကတော့ ရေဘေးတွေ့တာကို သူတို့ အလှူခံပွဲထင်ပြီး ရောယောင် အလှူခံနေပြန်ပါပြီ။ 

-

အရင်ထဲက ကျည်ဆန်တွေ လက်ပစ်ဗုံးတွေ အလှူခံနေပြီးတော့ ခုရေဘေးကျမှ ရေဘေးအတွက် သီးသန့် အလှူခံပါတယ်ဆိုတာကြီးကတော့ ဘယ်လိုပြောရမလဲ နင်ဉာဏ်ကောင်းလွန်းတယ်ပေါ့နော်။

-

ရေဘေးဆိုရင် ပြည်သူတွေက အလုံးအရင်းနဲ့ လှူကြမှာသိတော့ လက်နက်အလှူခံပါတယ်လို မပြောတော့ဘဲ ရေဘေး ခေါင်းစဉ်တပ်ပြီး ရောချတာပါပဲ။ 

-

ပြည်သူတွေကိုယ်တိုင်ကလည်း ကျည်ဆန်ဖိုးဆို မလှူဘူးဆိုပြီးပြောထားဖူးတော့ ထောက်ပို့သူတောင်းစားတွေ ခွက်ခေါက်နေရရှာပြီ။ 

-

ရေဘေးအလှူကသပ်သပ် လက်နက်အလှူကသပ်သပ်ဆိုတာ ဘယ်သူယုံလဲတော့မသိ တို့တော့ မယုံပါဘူး။ 

-

စာရင်းမရှိအင်းမရှိ ရေဘေးဆိုလှူကြတာသိတော့ ရတဲ့ငွေတွေနဲ့ လက်နက်ကျည်ဆန်ဝယ်ပစ်လိုက်ရင် ဘယ်သူ သိမှာမိုလိုလဲ? ပြီးတော့ ဘယ်နားလေးတွေ သွားလှူနေမှန်းလည်း သိရတာမဟုတ် တော်တော် Transparency ရှိတဲ့ကောင်တွေဆိုတော့လေ။

-

ဒီကြားထဲ ရေဘေးလည်းမသုံး ကျည်ဆန်ဖိုးလည်းမသုံး အမေရိကားမှာစတိုးဆိုင်ဖွင့် အိမ်ကောင်းကြီးတွေ ဝယ်ပလိုက်တဲ့ ပန်ဆယ်လိုကို အားကျပြီး အဲ့လို အပျောက်ဖျောင်လိုက်ရင်လည်း အခက်။ 

-

ပြည်သူတွေအနေနဲ့ ရေဘေးအလှူခံဆိုတိုင်းလည်း စွတ်မလှူကြဘဲနဲ့ အဖွဲအစည်း အလှူခံပုဂ္ဂိုလ်တို့ကိုလည်း သေချာလေး လေ့လာပြီးမှ လှူကြဖို့ သတိပြုကြဖို အထူးသတိပေးချင်ပါတယ်ဗျာ။ 


Aung Shinn

Post a Comment

Previous Post Next Post