အစဉ်အလာကြီးတဲ့မန္တလေး

Views


သမိုင်းနဲ့ယှဉ်ပြောမလား? အစဉ်အလာနဲ့ယှဉ်ပြောမလား? ဘာနဲ့ယှဉ်ပြောမလဲ? ပြောချင်တာနဲ့ပြော မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်မြိုနဲ့ယှဉ်မလဲ? ယှဉ်ချင်တဲ့မြိုနဲ့ယှဉ်ရတယ်။

-

လားရှိးနဲ့လာမယှဉ်နဲ့ .. လားရှိးမြိုဆိုတာ စီးပွားရေးအတွက်ပဲ ဧည့်သည်မြိုသားတွေ တော်တော်များများ နေတဲ့မြို့၊ မြို့ပျက်လည်း ပြောင်းပြေးမယ် စွန့်ခွာသွားမယ်ဆိုတဲ့ ယုံကြည်ချက်/ခံယူချက်ပဲရှိတဲ့ လားရှိးမြိုနဲ့ မန္တလေးကိုလာမယှဉ်ပါနဲ့။

-

မြို့ခံအကုန် အစိမ်းမဟုတ်သလို အနီများတဲ့မြို့၊ ဒါပေမယ့် မြို့ကို လာမဖျက်နဲ့ မီးပွင့်သွားမယ်ဆိုတဲ့ မန္တလေးသူ/ မန္တလေးသားတွေရဲ့ စိတ်ဓာတ်ကိုတော့ မချီးကျူးပဲမနေနိုင်ဘူး။

-

မနေ့ကဖြစ်စဉ်ကိုပဲကြည့် မန္တလေးကို ရှော့တိုက်ဒုံးတွေ အပစ်ခံခဲ့ရတယ်.. တတိယအလုံးပစ်ပြီးပြီးချင်းပဲ ကျည်လာရာလမ်းကြောင်း ခန့်မှန်း၊ ဘယ်ရွာဘယ်နားကပစ်တယ်ဆိုတာ ချက်ချင်း သတင်းပေးတယ်။ (ဒါတောင် ပြည်သူ့အိမ်တွေပြည်သူတွေထိခိုက်တာမသိရသေးခင်အချိန်)။ ဒီမှာ မေးစရာရှိလာတာက သတင်းပေးတဲ့သူကဒလန်လား??? ပြန်ဖြေရမယ်ဆို No ပါ ဒလန်မဟုတ်ဘူးဗျ။ ကိုယ့်မြို့ ကိုယ်ကာကွယ်တဲ့ မန္တလေးသား စစ်စစ်ရဲ့စိတ်ဓာတ်ပဲ။ ပြီးတော့ ကျူးလွန်သူအချို့ကို နေ့ချင်းဖမ်းဆီးရမိတယ်။

-

လားရှိးနဲ့မတူတာအဲ့ဒါပဲ.. မန္တလေးသားက မန္တလေးမှာရှိတဲ့ စစ်တပ်လည်းစိတ်မဝင်စားဘူး။ ကိုယ့်မြို့ ကိုယ်ကာကွယ်မယ်။ စစ်ဘေးသင့်တဲ့ မြို့မဖြစ်စေရဘူးဆိုတဲ့။ မြို့ချစ်စိတ်/မျိုးချစ်စိတ် အပြည့်ရှိတယ်။ အပေါ်ယံကြည့်ရင် ကလစ်စီးတယ်၊ စကူဖီစီးတယ်၊ အိုင်ဖုန်းကိုင်တယ်၊ ပေါ်ပင်မှာ ပျော်ရွှင်နေကြတယ် ထင်ရပေမယ့် မန္တလေးဆိုတဲ့ မြို့ကို လာမထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ စိတ်ဓာတ်အပြည့်ရှိတဲ့ မြို့။

-

မန္တလေးကို အကြမ်းဖက် ပဒက်တွေ ဘယ်တော့မှ စစ်ရေးဖော်ဆောင်လို့ မရစေရဘူးဆိုတာတစ်ခုကိုတော့ ကျနော်ရဲရဲကြီးအာမခံပြောရဲတယ်ဗျာ။

-

လေးစားပါတယ်မန္တလေးသားများ

Crd.

Post a Comment

Previous Post Next Post