ချင်းလူမျိုးများအား အတင်းအဓမ္မ လိုက်လံဖမ်းဆီးနေသည့် AA အကြမ်းဖက် အဖွဲ့ဝင်များအား တပ်စစ်ကြောင်းမှ လိုက်လံရှင်းလင်းတိုက်ခိုက်

Views

 

ရခိုင်အကြမ်းဖက်အဖွဲ့ (ULA/AA) က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက ချင်းရွာများတွင် နေထိုင်သည့်  ချင်းလူမျိုးများအား အတင်းအဓမ္မ လိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေသောကြောင့် ချင်းလူငယ်အများအပြားသည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ 

AA အကြမ်းဖက်အဖွဲ့မှ ၎င်းတိုတပ်သားသစ်ရရှိရေးအတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်ဇကွဲကျေးရွာက ချင်းတိုင်းရင်းသား ၇ ဦး၊ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က မီးလောင်ချောင်းကျေးရွာရှိ တောင်ယာလုပ်ကိုင်နေသော ချင်းတိုင်းရင်းသား အမျိုးသား/အမျိုးသမီး စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထိုသို့ ချင်းလူးငယ်များအား လိုက်လံဖမ်းဆီးလျက်ရှိနေသည့် သတင်းရရှိသည့်အတွက် အမ်းမြို့ နှင့် ၆ မိုင်ကျော်ခန့်ကွာဝေးသည့် ကျောက်ဇကွဲကျေးရွာအတွင်း ခိုအောင်းနေထိုင်ကာ အကြမ်းဖက်မှုများပြုလုပ်နေသော AA အကြမ်းဖက်အဖွဲ့ဝင်များအား ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်နေ့) မှစ၍ တပ်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရပြီး ယနေ့နံနက်ပိုင်းမှစ၍ လက်နက်ကြီးပစ်ကူများဖြင့် ထပ်မံတိုက်ခိုက် ရှင်းလင်းနေသောကြောင့် AA အကြမ်းဖက်အဖွဲ့ဝင်များ သေဆုံး/ ဒဏ်ရာရများစွာဖြင့် အထိနာနေကြောင်း သိရှိရသည်။

Post a Comment

Previous Post Next Post