AA အဖွဲ့ အတင်းအဓမ္မဖမ်းဆီးခြင်းခံထားရသည့် မွတ်ဆလင်ကျောင်းသားများနှင့် မွတ်ဆလင် ကျောင်းဆရာ/ဆရာမများ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေ

Views


 

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၄ခုနှစ်၊ မေယုဌာနေသတင်း

  ရခိုင်လူမျိုးရေးအစွန်းရောက်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင့်တပ်တော်(AA)အဖွဲ့အနေဖြင့် ၎င်းတိုအားမထောက်ခံသည့်မွတ်ဆလင်များအား လူမျိုးတုံးဖမ်းဆီးသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မဖမ်းဆီး၍ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့အဖွဲ့အစည်းအား မထောက်ခံသည့်ရွာများကို ဗုံးကြဲခြင်း/မီးရှိဖျက်ဆီးဖြင်းများ လုပ်ဆောင်လျက်ရှိသည်။


     AA အဖွဲ့အနေဖြင့် ထိုကဲ့သိုလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့်လပိုင်းက မောင်တောမြို့၊ ကညင်တန်းရပ်ကွက်က မွတ်ဆလင်လူမျိုး မြန်မာစာပြဆရာလှမြင့်နှင့် ဒုညောင်ပင်ကြီးကျေးရွာက မွတ်ဆလင်ဆရာမ အေနာမ် ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဟာဘီရွာတွင်စစ်ရှောင်နေသည့် ဇူဟူရုလ်ဟောက် (ACF ဝန်ထမ်းဟောင်း) နှင့် သူ့သား ရဘီအုလ်ဟာဆောင်း (ကျောင်းသား)တို့ကိုလည်း ဩဂုတ်လ ၂၄ ရက်၌ အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း၊ ဆရာခင်ဇော်၏သား မုစ်တာကို ကိုလည်း ဖမ်းဆီးသွားကြောင်း သိရှိရပြီး ၎င်းတို့မိသားစုဝင်များနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရှိရသည်။


     ထိုအပြင် စက်တင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းကလည်း  ဟာဘီရွာတွင် စစ်ရှောင်နေသည့် မောင်တောမြို့နယ်၊ ခါလီဇာဘာနာရွာ( ခေါလ္လာဘာနာဖာရာ) က ကျောင်းသားတစ်ဦးအား AA တပ်ဖွဲ့ဝင်များက မျက်နှာဖုံးစွပ်ပြီး အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ၎င်းရွာတွင် ခိုလုံနေကြသော ထောင်နှင့်ချီ မွတ်ဆလင်များမှာ စစ်ဘေးရှောင်များသည် ဥပဒေမဲ့အဖမ်းခံရမည်ကို အင်မတန် စိုးရိမ်နေကြရပြီး ဟာဘီရွာအတွင်းနေထိုင်သူများမှာ AA အဖွဲမှ ပြီးခဲ့သည့်လပိုင်းက ၎င်းတိုကယ်ဆယ်ထားသည်ဟုဆိုကာ လူသားတံတိုင်းခံစစ်အဖြစ် အတင်းအဓမ္မခေါ်ဆောင်ခြင်းခံထားရသူများ ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် AA အဖွဲ့မှ လူသစ်လိုပါက ကြက်ကလေး၊ ငှက်ကလေးသဖွယ် အတင်းအဓ္မဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။


     ဘူးသီးတောင် နှင့် မောင်တောမြို့နယ် ကျေးရွာအသီးသီးမှ ၁၂ နှစ် အထက် မွတ်ဆလင်ကျောင်းသားများအား AA က မဟုတ်မမှန် စွပ်စွဲပြီး ခေါင်းစဉ်အမျိုးမျိုးပြ နေ့စဥ်ရက်ဆက် ဖမ်းဆီးလျက်ရှိရာ လက်ရှိအချိန်တွင် မွတ်ဆလင်လူငယ် ထောင်ဂဏန်းအထိ ဖမ်းဆီးခံထားရကြောင်း၊ ၎င်းတို့အထဲမှအချို့မှာ AA အဖွဲ့တပ်သားသစ်အဖြစ် စစ်မှုထမ်းဆောင်နေကြရပြီး ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးလျက်ရှိနေကြောင်း သိရှိရသည်။

Post a Comment

Previous Post Next Post