နီပိတ်တွေနဲ့ စစ်ပြေးမုဒိန်းတွေ ကြောက်နေတဲ့ ပျိုမေ Vlog

Views


ပျိုမေဘလော့ကဘာရယ်မဟုတ် စစ်မှုထမ်းဥပဒေအရ Training လုပ်နေတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အနီးကပ်သွားဗျူးထားတာပေါ့။ မေးခွန်းတွေကိုပေါ့ပေါ့ပါးပါးနဲ့ reality ဆန်ဆန် သဘာဝအတိုင်း အင်တာဗျူးထားတော့ လူစိတ်ဝင်စားမှုအတော်များသွားတယ်။ ပေါ့ပေါ့ပါးပါးမေးလိုက် ဖြေလိုက်နဲ့ ခေတ်ပေါ် ဘလော့တွေလိုရိုက်ထားတာပါပဲ။

-

ဒါပေမယ့် ဒီမှာကိုက နီပိတ်တို့လောင်စရာတွေများတယ်။ အဓိကက နစကရဲ့ စစ်မှုထမ်းဥပဒေကို ကျရှုံးတယ်ဆိုပြီး နီပိတ်များကထင်နေကြတာ။ ထင်ရုံတင်မကဘူး စစ်မှုထမ်းခေါ်တာတွေ ဘယ်လိုတလွဲဖြစ်နေတာဘာညာနဲ့ လိုင်းပေါ်မှာ လေပေါထားကြသေးတာ။ ခုလို ပျိုမေဘလော့က သွားပြီးတော့ ရိုက်ကူးရေးလုပ်ပြီး ဘယ်လိုဘယ်ဝါဆိုတာပြောပြတော့ အနာပေါ်တုတ်ကျတာထက် ဆိုးတာပေါ့။

-

အဲ့တာအပြင် တစ်ကယ်နီပိတ်တွေ NUG တွေ ပိုလောင်တာက စစ်မှုထမ်းဥပဒေအရ ဝင်သတင်းပို့ လေ့ကျင့်ရေးလုပ်နေတဲ့ အင်အားပဲ။ ခု နစကက အပါတ်စဉ် ၁ ခေါ်ပြီးပြီ အင်အားအတိအကျမသိရပေမယ့် ၁၀၀၀၀ ဝန်းကျင်ရှိတယ်။ အပါတ်စဉ် ၂ ထပ်ခေါ်နေတယ် တစ်သောင်းဝန်းကျင်ပဲ။ ဟော . . ခု အပါတ်စဉ် ၃ ခေါ်ပြန်တယ်အင်အားတစ်သောင်းပဲထားဦး။

-

ကိုင်း . . . သုံးလလောက်အတွင်း တပ်သားသစ်အင်အားက သုံးသောင်းဖြစ်နေပြီ။ တစ်နှစ်ဆို တစ်သိန်းနှစ်သောင်းဖြစ်သွားမှာ။ ဒီလိုအနေအထားမျိုး အင်အားစုဆောင်းတယ်ဆိုတာ တရားဝင် တပ်မတော်ကြီးမှ ရတာမျိုး။ ဘိန်းစား အရက်သမား ဖဲသမားတွေ စုထားတဲ့ ပြည်ပြေးစစ်တပ် အတွက်ကတော့ ဒါဟာ နောက်တစ်နှစ်လောက်ဆို မဖြစ်မနေရင်ဆိုင်ရမယ့် စစ်အင်အားပဲ။

-

ဒီတော့ နစကဘက်က ဒီလို စုဆောင်းနေတဲ့ ကိစ္စကြီးကို နီပိတ်ရက်ကွက်က နဂိုကမှ ကြိတ်ပြီး တွေးတွေးပြီးလောင်နေပါတယ်ဆို ပျိုမေဘလော့က သွားပြီးတော့ရိုက်ကူးရေးလုပ်တာ ဓါတ်ဆီလောင်း လိုက်သလို ဖျပ်ဖျပ်ကိုလူးရော့ပဲ။

-

ဒီလိုလောင်တဲ့ကောင်တွေကြည့်တော့လေ စစ်တပ်ထဲကနေ အနေချောင်အစားချောင်မလားဆိုပြီးတော့ တောခို နီပိတ်ဖြစ်သွားတဲ့ သစ္စာဖောက်စစ်ပြေးအရာရှိဆိုတဲ့ ကောင်တွေကပါသေးတယ်။ အံမာ တစ်ကောင်ဆို တပ်ထဲမှာသူလုပ်ခဲ့တဲ့ မိန်းမမှုတွေ ငွေကြေးမှုတွေကို မလုပ်ခဲ့တဲ့အတိုင်းပဲ ဟိတ်ကြီး ဟန်ကြီးတခွဲသားနဲ့ Reaction Video လုပ်နေတာများ။ နီပိတ်အုပ်စုကလည်း အဲ့လိုကောင်မျိုးတွေနဲ့မှ တန်တာမျိုးဆိုတော့ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့ ကွက်တိပေါ့။ နောက်ပြီး ယောကျာ်းရင့်မာကြီးတွေဖြစ်ပြီး တဖက် blogger မိန်းကလေးကို မှိုချိုးမျှစ်ချိုးပြောလိုက်ရတာကို ဂုဏ်ဆာစရာကိစ္စကြီး တခုလို အဟုတ်မှတ်နေပုံရတယ်။

-

ပျိုမေဘလော့ကို ဖဲ့တဲ့ နီပိတ်တွေကိုကြည့်လိုက်ရင် အဲ့လို စစ်တပ်ထဲအမှုတွေဖြစ် အရေးယူခံရမှာစိုးလို့ သရဲဘောကြောင်ပြီး အနီဘက်ကူးတဲ့ သူပုန်တွေများတယ်။ နီပိတ်တွေကလည်း သူတို့မို့အဲ့လိုကောင်တွေကို အဟုတ်ထင်နေတယ်။ ဒါကြောင့်လဲဒီကောင်တွေက နီပိတ်တွေကြားထဲနေ ဒီလိုတိုက်ခိုက်ပြီး ဒီလိုရွံစရာ တွေပြော အတန်းရှင်းရှာ like များမှ သူနဲ့သူ့မိသားစုထမင်းစားရတဲ့ ots တွေဆိုတော့😂😂

-

ပဲဆိပ်တွေ သစ္စာတွေဘာတွေ ဘေးဖယ်ထားဦး ဒီကောင်တွေအပုတ်ချနေတဲ့ စစ်တပ်ထဲတောင် မနေနိုင်လို့ ထွက်ပြေးပါတယ်ဆိုမှ အဲ့လိုကောင်တွေကို အထင်တကြီးနဲ့ လက်ခံထားတဲ့ နီပိတ်သူပုန်အုပ်စုကိုလည်း ငါတော့ လေးစားမဆုံးဘူး။

-

ဘာပဲဖြစ်နေနေ ပျိုမေဘလော့ကတော့ ရပ်မယ့်ပုံမပေါ်သလို နီပိတ်တွေလည်း စစ်မှုထမ်းကိစ္စနဲ့ ဆက်လောင်နေရဦးမှာတော့ အသေအချာပဲ။ တောခိုသွားတဲ့ တပ်ပြေးအရာရှိတွေကိုတော့ ကြည့်နေရာပေးကြပေါ့လေ တော်ကြာ အလီကိုဟင်လို နှစ်ဖက်သတင်းပေး ငပဲ့ကြီးတွေဖြစ်နေဦးမယ်။။။

Post a Comment

Previous Post Next Post