အကြမ်းဖက် NUG/PDF အကြောင်း ကမ္ဘာက သိပြီ

Views


ဟိုတနေ့က UN က ကျင်းပတဲ့ “မြန်မာလူငယ်နှင့် ကလေးငယ်များအရေး”ဆွေးနွေးပွဲမှာ ရုရှားအစိုးရအနေနဲ့ CDM မလုပ်တဲ့ ဆရာ/ဆရာမတွေကို NUG/PDF တွေက “သ” “ဖြ”တ်နေတယ်လို့ Highlight လုပ်ပြီး ပြောသွားတယ်။ ဒီလိုမျိုး ပညာရေးဝန်ထမ်းတွေကို အကြမ်းဖက်တာ ဘယ်နိုင်ငံ၊ ဘယ်လူ့အသိုင်းအဝိုင်းကမှ လက်မခံကြပါဘူး။ ဒါ့အပြင် ရုရှားအစိုးရ ဆက်ပြောတာက -



* နိုင်ငံတကာက မြန်မာအစိုးရနဲ့ အနီးကပ်ပူးပေါင်းပြီး ကူညီပေးဖို့လိုကြောင်း။

* မြန်မာအစိုးရကို ခြိမ်းခြောက်မှုနဲ့ ပိတ်ဆို့မှုတွေ မလုပ်ဖို့လိုကြောင်း။

* အကြမ်းဖက်အဖွဲ့တွေကို နိုင်ငံအချို့က မထောက်ပံ့ဖို့လိုကြောင်း။

* မြန်မာ့အရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိကြောင်း။

* မြန်မာနိုင်ငံအပေါ် အကြောင်းအမျိုးမျိုးပြပြီး နောက်ထပ်ဖိအားပေးမှုတွေကို လက်မခံကြောင်း။

* ရုရှားနိုင်ငံအနေနဲ့ မြန်မာလူငယ်များအပါအဝင် လိုအပ်သည်များကို ကူညီပေးမှာဖြစ်ကြောင်း။



စသဖြင့် ရာဇသံပါပါ ပြောကြားခဲ့ပါတယ်။

-

UN မှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး ဗီဒိုအာဏာပိုင်ဆိုင်တဲ့ ရုရှားအစိုးရအနေနဲ့ ပြောဆိုတာဖြစ်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အားအင်ကို ဖြစ်စေပါတယ်။ အခုဆိုရင် NUG/PDF ကို အာဆီယံနိုင်ငံတွေက စတင်ပြီး ရှောင်ဖယ်လာကြပြီ။ ပြီးတော့ အခုအစည်းအဝေးမှာ ကမ္ဘာကလည်း သိသွားပြီဆိုတော့ အကြမ်းဖက်တွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်စေတာ အမှန်ပါပဲ။

-

ဒါတွေဖြစ်လာဖို့ကလည်း ကိုယ်တိုင်အားထုတ်မှုတော့လိုတာပေါ့။ မြန်မာအနေနဲ့ နိုင်ငံတကာနဲ့တွေ့တဲ့ အချိန်တိုင်း NUG/PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအကြောင်း ရှင်းပြတယ်၊ Evidence Document တွေ ကို Softcopy, Hardcopy တွေ ထုတ်ပြီး လက်ကမ်းပေးတယ်။ စာရင်းဇယား အတိအကျ၊ မှတ်တမ်းအစုံ ပုံနဲ့ တကွပေးတယ်။ ဒါကြောင့် နိုင်ငံတကာက မျက်စိမှိတ်နေလို့ မရတော့ပါဘူး၊ မျက်စိမှိတ်နေတဲ့ နိုင်ငံဟာ အကြမ်းဖက်အားပေးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို ဘယ်သူမှ မလိုချင်ကြဘူး။ တဖြည်းဖြည်း လက်ခံလာကြတယ်။ ထင်ရှားတဲ့ သာဓက ကတော့ …

-

ယခုနှစ် ဧပြီ(သင်္ကြန်ပြီး)ကာလမှာ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ-

* စတုတ္တအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများဆိုင်ရာ‌ဆွေးနွေးပွဲ

* (၁၂)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး

* Bilateral Meeting (တစ်နိုင်ငံချင်းအလိုက်)

ဆွေးနွေးခဲ့ကြသလို NUG/PDF တွေရဲ့ အကြမ်းဖက်ရက်စက်တဲ့လုပ်ရပ်တွေကို သက်သေခံ ဗီဒီယိုဖိုင်တွေ၊ မှတ်တမ်းဓာတ်ပုံတွေနဲ့ ကိုယ်စားလှယ်တွေကို ပေးအပ်ခဲ့ပါတယ်။

-

ဒါဟာ အမှန်ကန်ဆုံး လုပ်ဆောင်ချက်ပါပဲ။ နိုင်ငံတကာနဲ့ ဆွေးနွေးပွဲတွေရှိတိုင်း ယခုလို မှတ်တမ်းတွေ ဆက်လက်ဖြန့်ဝေနေရပါမယ်။ မြန်မာပြည်တွင်းရှိ နိုင်ငံတကာ သံရုံးက သံတမန်တွေ၊ စစ်သံတွေကိုလည်း အခါအားလျော်စွာ တွေ့ဆုံပြီး ချက်ကျလက်ကျ ရှင်းပြနေဖို့တော့ လိုပါတယ်။ MOFA ကလည်း ထိရောက် ပြင်းထန်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်နေဖို့လိုပါတယ် (ယခုချိန်ထိတော့ ဘာမှ မတွေ့ရ)။

-

ဒါဆိုရင်တော့ အကြမ်းဖက်သမားတွေဘဝဟာ နေဝင်မီးငြိမ်းပြီး မြန်မာပြည်ကြီး အမြန်တည်ငြိမ်အေးချမ်း လာလိမ့်မယ်လို့ အကြံပြုအပ်ပါတယ်။ (ကြိုးစားခဲ့သူအပေါင်းကိုလည်း မြန်မာပြည်သူတွေကိုယ်စား အထူး ကျေးဇူးတင်ပါတယ်)

-

မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရုရှားနိုင်ငံသို့ ခရီးသွားခြင်း (1 to 5) ဖတ်ရှုလိုပါက

https://t.me/kothetjournalist9999 ဒီချန်နယ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။



KT

Post a Comment

Previous Post Next Post