မဖြစ်နိုင်တဲ့ False hope တွေနဲ့ ဒီနိုင်ငံရဲ့ အနာဂတ် ကို မဖျက်ဆီးကြပါနဲ့

Views


၇၂ နာရီပဲ တောင့်ထားကြပါဆိုတာကစလို့ ခုဆို ၃ နှစ်ကျော် ၄ နှစ်ထဲ ရောက်နေပြီ။ သူတို့အနေနဲ့က ပြည်ပမှာနေ ဘယ်နှစ်နှစ်ဖြစ်ဖြစ် တော်လှန်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုပရောဂျက် ဒီပရောဂျက် အကြောင်းပြ ရာခိုင်နှုန်း(%) ယူ၊ အလှူခံ က ရလာတဲ့ဟာလေးတွေကို ထိုင်ပြီး စားသောက်နေလို့ရပေမယ့် ပြည်တွင်းကလူတွေက အဲလိုနေလို့ မရပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရမှာပါ။ သူတို့ရဲ့ အကြမ်းဖက်မှု တွေကြောင့် တိုင်းပြည်က မငြိမ်သက်ဘဲ ပြည်တွင်းက လူတွေက ခေါင်းပြားအောင်လည်းအိပ်လို့မရပါဘူး။

-

၁၀ နှစ်တော်လှန်တယ်ပဲဆိုပါစို့၊ ဘယ်အစိုးရပဲတက်လာတက်လာပါ ၂ တန်း လောက်ပဲအောင်ထားတဲ့ ကလေးတစ်ယောက်က အတန်းမတက်နဲ့လို့ပြောထားလို့ နောက် ၁၀ နှစ်လောက်ရောက်ရင် ၁၀ တန်း အောင်ဆိုတာကို ဘယ်သူကပေးမှာလဲ? ဘယ်အစိုးရကပေးမှာလဲ? ကိုယ်တိုင်ဆိုရင်ရောပေးမှာလား?

-

ကျားဖမ်းမယ်ဆင်ဖမ်းမယ်ဆိုတာ ပြောရတာလွယ်သလောက် ဖမ်းရတာခက်သလို တကယ်မှာမဖြစ်နိုင်ဘူး ဆိုတာသိတဲ့သူကသိပါတယ်။ ကိုယ်တိုင်လည်းဖြစ်လာမယ်လို့ ယုံကြည်လို့လား? လေလှိုင်းထဲက ပြောချင်ရာပြောတဲ့စကားတွေကြောင့် မြေပြင်မှာတကယ်ဘဝပျက်သွားကြရတဲ့သူတွေအများကြီးပါ။



Crd.

Post a Comment

Previous Post Next Post