ကျင့်ဝတ်မဲ့တဲ့ ပြည်ဖျက်မီဒီညာ

Views


လူလောကမှာနေရင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဆိုတာ ရှိတယ်။ ကျင့်ဝတ်မသိတဲ့သူက တဖြည်းဖြည်းနဲ့ လူ့အသိုက်အဝန်းအပြင်ကို ရောက်သွားကြတယ်။ ဘယ်သူကမှလည်း အဖက်မလုပ်တော့ဘဲ ရှောင်ကြဉ်သွား ကြတယ်။

-

မီဒီယာလောက ပိုဆိုးသေးတယ်။ ကျင့်ဝတ်ကို အမြဲအလေးထားရတယ်။ သတင်းကို အမှန်အတိုင်း မျှတစွာ ရေးရတယ်။ မှန်ကန်မှုမရှိတဲ့ ၁၀၀ ဖိုး ၃ ပုဒ်သတင်းတွေကို ရှောင်ရတယ်။ ကျင့်ဝတ်ကို တန်ဖိုးထား လိုက်နာ ရတယ်။ ဘာလို့လဲဆိုတော့ လူ ၁ ယောက် ကျင့်ဝတ်ပျက်ရင် သက်ဆိုင်သူအနည်းငယ်လောက်သာ အကျိုးယုတ်ပေမယ့် မီဒီယာ ၁ ခုက ကျင့်ဝတ်ပျက်ရင်တော့ အကျိုးယုတ်မှုက ပိုကြီးမားလို့ပဲ။

-

အခုလည်းကြည့် .. ကျင့်ဝတ်မရှိတဲ့ ပြည်ဖျက်မီဒီယာ(ခေတ်သစ်)က ရလာတဲ့သတင်းကို မှန်/မမှန် မဆန်းစစ်တော့ဘူး။ စစ်တပ်မကောင်းကြောင်းဖြစ်ရင်ပြီးရောဆိုပြီး ပေါက်လွတ်ပဲစားတွေတင်ပြီး တပ်ကို စည်းရုံးရေးပျက်အောင် လုပ်တယ်။

-

ပြီးတော့ မဟုတ်မမှန် စွပ်စွဲရေးသားတဲ့သတင်းက တစ်ဖက်သားရဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတယ်။ မင်းတို့တွေ ဖြစ်နိုင်ရင် အဲ့တပ်မထဲကို သွားပြီး စုံစမ်းကြည့်ပါ။ အဲဒီအမျိုးသမီးတွေက နိုင်ငံတော်ရဲ့ ထောက်ပံ့ကြေး ၁ သိန်းကို ကိုင်ပြီး မင်းတို့တွေကို ပြုံးပြုံးကြီး ရှင်းပြပါလိမ့်မယ်။



KT

Post a Comment

Previous Post Next Post