သူပုန်နှိမ်နင်းရေး နည်းလမ်းကောင်း

Views


သံလျင်တံတားဖွင့်ပွဲကို ပစ်ခတ်မယ့်အဖွဲ့ကို ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့တာ အလွန်ကံကောင်းပါတယ်။

-

ကံမကောင်းတာက ၁၀၇ မမ ရှော့တိုက်ဒုံးလို ထုထည်ကြီးမားတဲ့ လက်နက်ခဲယမ်းတွေကို အဆီးအတားမရှိ သယ်ဆောင်နေနိုင်လို့ မြို့ကြီးတွေရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံနေရတာပါ။

-

အလားတူပဲ ယနေ့ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာလည်း နယ်စပ်က တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ပြည်မထဲမှာ တလရ လုပ်နေတဲ့ PDF လက်နက်ကိုင်တွေက သူတို့ရဲ့ လက်နက်၊ ခဲယမ်းတွေကို ပြည်ပလက်နက်မှောင်ခိုဈေးကွက်များက ဝယ်ယူသုံးစွဲနေသလို KIA၊ UWSA အဖွဲ့တွေ ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို သုံးစွဲနေကြတာဖြစ်ပါတယ်။

-

နယ်စပ်ဒေသတွေမှာ အဲ့လို တရားမဝင်လက်နက်၊ ခဲယမ်းသယ်ဆောင်မှုတွေကို ပိတ်ဆို့ဖို့ ခက်ခဲပေမယ့် စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်တို့လို့ နယ်မြေတွေကို လက်နက်၊ ခဲယမ်း ပို့ဆောင်မှုတွေကို ပိတ်ဆို့ တားဆီး ဖော်ထုတ်နိုင်ရင် သူပုန်တစ်ချို့ချုပ်ငြိမ်းသွားနိုင်ပါတယ်…..

-

အထူးသဖြင့် စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ အဓိကလက်နက်၊ ခဲယမ်းထောက်ပံ့ရေး လမ်းကြောင်းဟာ KIA နဲ့ UWSA နယ်မြေကဖြစ်ပြီး လက်နက်ခဲယမ်းအများအပြားကို ကုန်တင် ယာဉ်ကြီးများနဲ့သာ သယ်ဆောင်‌နေကြတာ ဖြစ်ပါတယ်။ ဒီလို လက်နက်၊ ခဲယမ်းသယ်ဆောင်မှုတွေကို မတားဆီး နိုင်သရွေ့ကတော့ သူပုန်တွေအားကောင်းနေမှာဖြစ်ပါတယ်။

-

မြို့ရွာစစ်ဆေးရေးဂိတ်တွေက ငွေတောင်းခံပြီး ဘယ်ကလာလဲ၊ ဘယ်သွားမလဲ မေးယုံလောက်နဲ့တော့ ဒီလိုလက်နက်၊ ခဲယမ်းသယ်ဆောင်မှုတွေကို ထိထိရောက်ရောက်ဖမ်းဆီးနိုင်မှာမဟုတ်လို့ အလွယ်တကူ သယ်ဆောင်နေကြမှာပဲဖြစ်ပါတယ်။

-

ခေတ်မီစက်ပစ္စည်းတွေ အသုံးပြုပြီး၊ ဖြတ်သန်းနိုင်တဲ့ လမ်းကြောင်းတွေ(သူခိုးလမ်း) ကိုပိတ်ဆို့လိုက်နိုင်ရင် အသေခံတိုက်စရာမလိုဘဲ သူပုန်နှိမ်နင်းနိုင်မယ့် နည်းလမ်းကောင်းဖြစ်ကြောင်း အကြံပြုပါရစေ….



Crd ခင်ညိုချော

Post a Comment

Previous Post Next Post