တွေးကြည့်ရင် စိုးရိမ်စရာပါ

Views


အညာဗမာတွေက ပ ၃လုံး၊ ပအဖ၊ ပကဖ ဆိုပြီးအဖွဲ့ကွဲ၊ အချင်းချင်း အာဏာဖက် သတ်ဖြတ်၊ အလောင်းတော်ကြိုးဝိုင်းထဲက သစ်တွေကို ခိုးထုတ်ရတာလောက် ပျော်မြူးနေချိန်မှာ..... KIA ကတော့ သာသာယာယာ ဖြစ်နေပြီ။

-

ခုချိန်တော့ မသိသာသေးဘူးပေါ့။ စစ်ဖြစ်လို့ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေဟာ နယ်မြေတည်ငြိမ်မှ စလုံးရေးချ ပြန်စရမယ့်အရာတွေ။ အချိန်ကာလ ကြာမြင့်မှုက ၂ နှစ်လည်း ဖြစ်သွားနိုင်တယ်။ ဒီထက်မကလည်း ပိုကြာသွားနိုင်တယ်။ မပြောကောင်း မဆိုကောင်း။ အချိန်ကာလ ၅ နှစ် ၁၀ နှစ်များကြာသွားခဲ့ရင်.... စစ်ကိုင်းတိုင်းက ဗမာကလေးနဲ့ KIA ဦးဆောင်တဲ့ ကချင်ကလေးမျိုးဆက်တွေဟာ အပုံကြီးကွာခြားသွားလိမ့်မယ်။





(နရီမိုး)

Post a Comment

Previous Post Next Post