သတင်းအမှား

Views


သတင်းအမှားအများစုကို ဖြန့်ချိနေတဲ့ ခေတ်သစ်မီဒီညာက နပခတိုင်းမှူး၏ကိုယ်ရေးအရာရှိနှင့် အမျိုးသမီး တပ်ကြပ်ကြီးစာရေးတို့ လူမှုရေးဖောက်ပြန်နေကြောင်း ခိုင်လုံတိကျမှုမရှိဘဲ သတင်းဖြန့်ချိခဲ့ပါတယ်။

-

မိမိတို့ချန်နယ်မှ အဆိုပါသတင်းအားအတည်ပြုနိုင်ရန် စုံစမ်းမေးမြန်းရာ သတင်းတွင်ပါသည့် ရိပ်သာ တာဝန်ခံ ဗိုလ်ကြီးဆိုသူနှင့် အမျိုးသမီးတပ်ကြပ်ကြီးစာရေးတို့မှာ လက်ထပ်ခွင့်တင်ထားခြင်းမျိုးမရှိကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်နှစ်သက်နေသည့်ပုံစံမျိုးတောင်မရှိကြောင်း စုံစမ်းသိရှိရပြီး ကိုယ်ရေးအရာရှိနှင့် လည်း လူမှုရေးဖောက်ပြန်သည်ဆိုတာ မဟုတ်မှန်ကြောင်း ၊ ကိုယ်ရေးအရာရှိ၊ ရိပ်သာတာဝန်ခံဗိုလ်ကြီးနှင့် အမျိုးသမီးတပ်ကြပ်ကြီးစာရေးတို့အား နာမည်ဖျက်ချင်သည့် တစ်စုံတစ်ဦးမှ မဟုတ်မမှန်သတင်းပေး ခြင်းသာဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

-

ကိုယ်ရေးအရာရှိဆိုသူမှာ အများနှင့်လိုက်လျောညီထွေစွာနေထိုင်တတ်သူဖြစ်ပြီး အလုပ်များသူ တစ်ဦးဖြစ်ကြောင်း၊ ရိပ်သာတာဝန်ခံဗိုလ်ကြီးမှာလည်း အုပ်ချုပ်မှုကိစ္စများဖြင့် အလုပ်များသူ တစ်ဦး ဖြစ်ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးစာရေးမှာလည်း လုပ်ငန်းတာဝန်တွင် တက်ကြွစွာ တာဝန်ထမ်းဆောင် သူဖြစ်သည်ဟု ထပ်မံသိရှိရပြီး ၎င်းတို့အား အပုပ်ချလိုခြင်းကြောင့် မနာလိုသူတစ်ဦးမှ မဟုတ်မမှန် သတင်းပေးပို့ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရသည်။

-

ခေတ်သစ်မီဒီညာဆိုသည်မှာ စစ်တပ်နဲ့ပတ်သက်သည့်သတင်းများအား မှန်သည်/ မှားသည် လေ့လာ စုံစမ်းခြင်းမရှိဘဲ ၁၀၀ ဖိုး ၃ ပုဒ်ဖြင့် မဟုတ်မမှန်သတင်းများကို ဖြန့်ချိနေကာ စစ်တပ်အတွင်း စည်းလုံးမှု ပျက်ပြားစေရန် ရေးသားခြင်းသာဖြစ်သည်။

Post a Comment

Previous Post Next Post