တတိယကမ္ဘာစစ် နီးပြီလား?

Views


ရုရှားက နူကလီးယားဗုံး ၁ လုံး ပေါက်ကွဲရင်ဆိုတဲ့ သရုပ်ပြကွက်ကို ထုတ်ပြလိုက်တယ်။ ဘိုင်ဒင်ကြောင့် ပူတင်ကြီးရဲ့ လက်တစ်ဖက်ဟာ နူကလီးယားခလုတ်ပေါ် တင်ထားတယ်လို့ အသိပေးပြန်တယ်။

-

နောက်ပြီး ကမ္ဘာကြီးရဲ့ တရားမျှတမှုအတွက် ရင်ဆိုင်ဖို့ ရုရှား၊ တရုတ် လက်ချင်းချိတ်ထားပြီး အသင့်ရှိနေပြီ လို့ ဆိုပြန်တယ်။ ကမ္ဘာကြီးဟာ အနောက်အုပ်စုတွေ ခြယ်လှယ်ချင်းတိုင်း ခြယ်လှယ်လို့မရတော့တဲ့အခြေ အနေထိ ရုရှား၊ တရုတ် ပါဝါတက်လာပြီ။

-

လာမယ့် နှစ်အနည်းငယ်အတွင်း အမေရိကန်က သူရဲ့ စူပါပါဝါဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းပေးရတော့မယ်။ အခုရက်ပိုင်းအတွင်းမှာလည်း အနောက်နိုင်ငံအချို့မှာ ရုရှားနဲ့ထိပ်တိုက်တွေ့ရန်လုပ်ဆောင်နေတဲ့ EU, NATO ရဲ့ အစီအစဉ်တွေကို ကန့်ကွက်ဆန္ဒပြတာခံနေရတယ်။

-

အခုလည်း NATO အဖွဲ့ဝင် နိုင်ငံကြီးတွေမှာ အရန်စစ်မှုထမ်းဥပဒေတွေ ပြဌာန်းလိုက်ပြီးဖြစ်သလို အချို့ အင်အားကြီးနိုင်ငံတွေမှာလည်း စစ်မှုထမ်းဥပဒေပြဌာန်းဖို့ ပြင်ဆင်လာကြတာ တွေ့ရတယ်။ ဒါတွေဟာ ပုံမှန်အခြေအနေမဟုတ်ဘူးဆိုတဲ့ မျှော်တွေးချက်နဲ့ ပြင်ဆင်နေကြတာ။

-

ဘာကိုပြောချင်တာလဲဆိုရင် ပုံမှန်အခြေအနေမဟုတ်တဲ့အချိန်မှာ မြန်မာနိုင်ငံလို မပြောနဲ့ အင်အားကြီး နိုင်ငံတွေပါ အရန်စစ်မှုထမ်း/ ပြည်သူ့စစ်မှုထမ်းဥပဒေတွေကို အသက်သွင်းရတယ်ဆိုတာ သိစေချင်တာပါ။။



KT

Post a Comment

Previous Post Next Post