ရောက်ခဲ့သောရွာ

Views


" ကျနော်တို့ရွာကို ဆရာတို့တပ်မတော်ဖက်ကလည်း လာကြတယ် pdf တွေလည်းလာကြတယ်

-

ဘာကွာလည်းဆိုတော့ တပ်ကလာရင် သူတို့မသင်္ကာတဲ့ အိမ်တွေကို တန်းဝင်တယ် ဖုန်းတွေစစ်တယ် အိမ်ထဲရှာတယ် မြေကြီးတွေပါ တူးဖော်ပြီးရှာကြတယ် သူတို့စိတ်ကြိုက်စစ်ပြီးရင် အကြမ်းဖက်သမားတွေနဲ့ မဆက်သွယ်ဖို့ လက်မခံဖို့နဲ့ တစ်ခုခုထူးရင်ချက်ချင်းအကြောင်းကြားပေးဖို့ ပြောပြီး ပြန်သွားကြတယ် တစ်ခုခုမိရင်တော့ အိမ်ထောင်ဦးစီးကိုဖမ်းခေါ်သွားတယ်

-

pdf တွေလာရင်တော့ ရွာထိပ်ကညောင်ပင်ကြီးအောက်မှာ ရွာကလူတွေကိုအကုန်ခေါ်ပြီး စကားပြောတယ် တော်လှန်ရေးအတွက် ရိက္ခာဖိုးတောင်းတယ် တပ်မတော်စစ်ကြောင်းလာစဥ်က ရေတိုက်တဲ့အိမ် ထမင်းကျွေးတဲ့အိမ်တွေကို သူတို့ကသိနေတယ် ရွာထဲမှာလည်း သူတို့အမျိုးတွေရှိနေတာကိုး အဲဒီအိမ်တွေကို သတိပေးတယ် နောက်ဒီလိုမျိုးတွေ မလုပ်ဖို့ ဒဏ်ကြေးဆိုပြီး တစ်အိမ် ၁၀ သိန်းတောင်းတယ် နောက်တစ်ခါ စစ်သားတွေကို ရေတိုက်ရင်သတ်ပစ်မယ် လို့လည်းခြိမ်းခြောက်သွားတယ် ကျနော်တို့ကတော့ အားလုံးကိုကြောက်တယ်လေ တကယ်လို့ ဆရာတို့စစ်သားတွေ ကျနော်တို့ရွာမှာ အမြဲတမ်းစခန်းချနေရင်တော့ ဘယ်ကြောက်မလဲ ဆရာတို့စစ်သားတွေရောက်နေပြီဆိုတဲ့ အသံကြားရင်ကို သူတို့ ၁၀ ရက်လောက်ကတော့ ရွာကိုမလာရဲကြဘူး

-

ရွာထဲမှာလည်း ဟိုဖက် ဒီဖက်လူတွေရှိတယ်လေ တချို့က pdf ကိုထောက်ခံတယ် ဘယ်သူတွေဆိုတာ သိပေမယ့် ဆရာတို့ကို မပြောရဲဘူး ဆရာတို့ပြန်ရင် ကျနော်တို့ အသတ်ခံရမှာလေ

-

ဟိုတောင်ဖက်က .(.....)ရွာဆို တစ်ရွာလုံး ပြာကျသွားတယ် စစ်သားကရှို့တာလည်းမဟုတ်ဘူး pdf တွေကလာရှို့တာလည်းမဟုတ်ဘူး ရွာထဲက NLD နဲ့ ကြံ့ခိုင်ရေးတွေ အားပြိုင်ကြရင်း သူအိမ်ကိုယ်ရှို့ ကိုယ့်အိမ်သူရှို့နဲ့ တစ်ရွာလုံးပြာကျသွားခဲ့ရတာပဲ ဆရာရေ

-

ကျနော်တို့ရွာလေးကတော့ ကံကောင်းတယ်ပဲ ပြောရမလားတော့မသိဘူး ရွာသားတွေက အချင်းချင်းနားလည်မှုရှိကြတယ် တော်ရုံတော့ ပြဿနာမကြီးပါဘူး ဒါပေမယ့် ဆရာတို့လာလို့ ရှိတာလေး ဧည့်ခံကျွေးမွေးချင်ပေမယ့် မကျွေးရဲဘူး သူတို့သိသွားရင် သေမှာ သူတို့မှာက ဥပဒေစည်းမျဉ်းစည်းကမ်းတွေရှိတာ မဟုတ်ဘူးလေ

-

အခုဆရာတို့လိုလည်း စုံစမ်းစစ်ဆေးတာတွေဘာတွေလည်း မလုပ်ဘူး

ဒီလူက စစ်သားတွေကို ထမင်းကျွေးပြီး သတင်းတွေပေးနေတဲ့ဒလန် ဆိုပြီး ရွာထဲကတစ်ယောက်ယောက်က တို့လိုက်ရင် ပထမအကြိမ်တော့ ဒဏ်ရိုက်ခံရမယ် နောက်တစ်ခါဆို အသတ်ခံရမှာ ဟုတ်တာမဟုတ်တာ သူတို့ကစဥ်းစားတွေးတောနေတာ မဟုတ်ဘူးဆရာရေ

-

တစ်ခုခုထူးရင်းဖုန်းဆက်လို့သာ ဆရာတို့ကမှာခဲ့တာပဲ ကျနော်တို့က ဆရာတို့ဆီဖုန်းမဆက်ရဲပါဘူး အခုလိုအကြာကြီး စကားပြောနေတာတောင် ရွာထဲကလူတွေက ဘယ်လိုထင်နေကြမလဲ မသိဘူး

-

ကျနော့်ကို တစ်ခုတော့ကူညီပေးပါဆရာ ဆရာတို့ကျနော့်အိမ်ထဲကထွက်ရင် အိမ်ရှေ့ထိကျနော့်ကို ဆွဲခေါ်သွားပြီး ၂ ချက် ၃ ချက်လောက်ရိုက်ခဲ့ပေးပါဗျာ ရွာသားတွေ ကျနော့်ကိုဒလန်ဆိုပြီး အတိုင်ခံရမှာစိုးလို့ပါ

-

ဒါတွေက ရွာတွေဖက်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပါ ကျေးရွာနေ ရွာသူရွာသားတွေရဲ့ ခံစားချက်တွေ နာကျည်းချက်တွေအတွက် ကျနော်တစ်ခုခုတော့ လုပ်ပေးချင်တယ် 😔



မြတ်သူဟိန်း

1 Comments

  1. ွကျုပ်တို့မြန်မာတွေနိုင်ငံရေးနားမလည် ပုဂ္ဂိုလ်စွဲနဲ့အမုန်းထားဘို့ဘဲသိ ယိုးဒယားကိုအတုယူကြဘို့လို သူတို့နိုင်နစ်နာဘို့မလုပ်က

    ReplyDelete
Previous Post Next Post