မုန်တိုင်းကြားက ပန်းကလေးများ

Views


မြန်မာတစ်နိုင်ငံလုံးအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၁၂၈,၈၂၀ ဦးရှိပြီး အဲဒီထဲက ၇၄,၅၉၂ ဦး အောင်မြင်ခဲ့ပါတယ်။ အောင်ချက်ရာခိုင်နှုန်းက ၅၇ ဒသမ ၉ ရှိပါတယ်။ မတည်ငြိမ်တဲ့ ဒေသက ကလေးငယ်အချို့လည်းပါဝင်သလို အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျနေတဲ့ ကလေးတွေလည်း အောင်မြင်ခဲ့တာ တွေ့ရပါတယ်။
-
အားလုံးထဲမှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ကတော့ AA သူပုန်တွေအနေနဲ့ ရခိုင်ပြည်နယ်အနှံ့ တိုက်ပွဲတွေဖော်ဆောင်ပြီး ကလေးတွေ ကောင်းစွာ ပညာမသင်ရဖို့ ကျောင်းတွေကို လက်နက်ကြီးနဲ့ပစ်၊ မီးရှို့စတဲ့ အဖျက်တွေလုပ်နေတဲ့ကြားက ပညာလိုလားသူ သားငယ်/သမီးငယ်တွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခက်အခဲကြားမှ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ တာဝန်ရှိသူ တိုင်းဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးကြီးရဲ့ စွမ်းဆောင်ချက်များကိုလည်း ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။
-
ရခိုင်ပြည်နယ်ထဲက

* ၆ ဘာသာဂုဏ်ထူး (၂၂)ဦး

* ၅ ဘာသာဂုဏ်ထူး (၅၂)ဦး

* ၄ ဘာသာဂုဏ်ထူး (၇၅)ဦး

* ၃ ဘာသာဂုဏ်ထူး (၁၀၅)ဦး

* ၂ ဘာသာဂုဏ်ထူး (၁၈၅)ဦး

* ၁ ဘာသာဂုဏ်ထူး (၈၄၈)ဦး

ထူးချွန်စွာ အောင်မြင်ခဲ့သလို ဘာသာစုံဂုဏ်ထူးရှင် မောင်ဖြိုးသိန်း က (သိပ္ပံတွဲ) အမှတ်ပေါင်း (၅၅၅) မှတ်ဖြင့် တစ်နိုင်ငံလုံးအဆင့် ဒုတိယရရှိခဲ့တာ အလွန်ဂုဏ်ယူဖွယ်ကောင်းလှပါတယ်။
-
ရခိုင်ပြည်နယ်အနေဖြင့် ရိုးရိုးအောင်မြင်သူအမြောက်အမြားအပါအဝင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ရာခိုင်နှုန်း ၆၀.၈၅% ရှိကြောင်း သိရှိရပါတယ်။
-
မုန်းတိုင်းကြားက ခက်ခက်ခဲခဲ ပန်းကလေးတွေပွင့်လာတာဖြစ်လို့ ရခိုင်ပြည်နယ်က အောင်မြင်သူအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။



KT

Post a Comment

Previous Post Next Post