အကြမ်းဖက်အဖွဲ့အချို့ရဲ့ သတင်းမှား ဖြန့်ချိမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချပြရှင်းလင်း

Views


အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာရှိတဲ့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်းဟာ ဝါရှင်တန် ဒီစီ အခြေစိုက် Think Tank တစ်ခုဖြစ်တဲ့ Millennium Project in Washington, D.C. ရဲ့ တွဲဖက်အဖွဲ့ဖြစ်တဲ့ South Asia Foresight Network (SAFN) အဖွဲ့၊ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Asanga Abeyagoonasekera ကို ဇွန်လ ၆ ရက်နေ့က မြန်မာသံရုံးမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

-

ယင်းသို့တွေ့ဆုံရာမှာ သံရုံးယာယီတာဝန်ခံက မြန်မာပြည်တွင်းမှာရှိတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ သတင်းမှား ဖြန့်ချိမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်များတွေအပြင် မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

-

ဒါ့အပြင် South Asia Foresight Network (SAFN) အဖွဲ့နဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသေးတယ်လို့ သိရပါ တယ်။



Credit #mhtnews

Post a Comment

Previous Post Next Post