ရန်သူ့ဌာနချုပ်တွေ အထိနာသင့်ပြီ

Views


ကိုယ်တွေကသာ လူကြီး လူကောင်းဆန်ဆန်၊ မိသားစု ဆန်ဆန် နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာ ဖြေရှင်းကြပါဆိုပြီး အကြိမ်ပေါင်း တသိန်းလောက် ဖိတ်ခေါ်နေတာ။ တဖက်လက်နက်ကိုင် အဖွဲ့အစည်းကတော့ အင်း၊အဲ မလှုပ်ဘူး။ တကယ်တော့ သူတို့သွားချင်တာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်မှ အခြေမခံပဲ။ ဖက်ဒရယ်အရ တန်းတူညီမှုတွေပေးနိုင်ပေမယ့် ဒီမိုကရေစီ ကျင့်စဉ်အရဆိုရင် လက်နက်စွန့်ပြီး ‌ပါတီထောင် ရွေးကောက်ပွဲဝင်ပေါ့။ ဒီလိုလည်း မသွားချင်ကြဘူး။ ခုလက်ရှိတိုက်ပွဲတွေလည်း ရန်သူ့ ဌာနချုပ်တွေ ၊ တပ်စခန်းတွေကမှ အထိမနာရင် ကိုယ့်ဌာနချုပ်တွေက ရန်သူ့ထိုးစစ်ခံနေရမှာပဲ။ ပြဿနာရင်းမြစ်ကို သေချာရှာပြီး စနစ်တကျ တုန့်ပြန်မှကို ဖြစ်မှာပါ။



(နရီမိုး)

Post a Comment

Previous Post Next Post