ရခိုင်တို့၊ ချင်းတို့၊ ကယားတို့က ကလေးတွေ ဘာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတာလဲ…?

Views


ဇွန်လ ၃ ရက်နေ့မှာဆိုရင်တော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီလို ဖွင့်လှစ်လိုက် ချိန်မှာ တိုက်ပွဲတွေမရှိလို့ ငြိမ်းချမ်းနေတဲ့ဒေသက ကျောင်းသား/ကျောင်းသူတွေဟာ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ပြီး ပညာသင်ကြားနေကြတာကိုမြင်ရတာ တကယ့်ကို ကြည်နူးစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ မငြိမ်းချမ်းတဲ့… တိုက်ပွဲတွေဖြစ်နေတဲ့… တိုက်ပွဲတွေ ဖန်တီးနေတဲ့ ရခိုင်တို့၊ ချင်းတို့၊ ကယားတို့မှာတော့ ကျောင်းတွေ မဖွင့်နိုင်တဲ့အတွက် ကျောင်းသား/ကျောင်းသူတွေဟာလည်း ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပြီ ဖြစ်ပါတယ်။

-

ရခိုင်ပြည်နယ်မှာဆိုရင် အာဏာရူး ဘိန်းရာဇာ ထွန်းမြတ်နိုင် ခေါင်းဆောင်တဲ့ AA အဖွဲ့ရဲ့ တိုက်ပွဲဖန်တီးမှု တွေကြောင့် ကျောင်းပေါင်းများစွာ မဖွင့်နိုင်ဖြစ်ခဲ့ရပြီး ရခိုင်ဒေသက ကျောင်းသား/ကျောင်းသူတွေဟာလည်း ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရတာ အားလုံးအသိပါ။ ရခိုင်ဒေသခံ လူငယ်လူရွယ်တွေသာ ကျောင်းမတက် ရလို့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေပေမဲ့ ထွန်းမြတ်နိုင် ရဲ့ သားသမီးတွေကတော့ ဆွစ်ဇာလန်နိုင်ငံက ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ ကျောင်းတက်ပညာသင်ကြားနေကြသလို တခြား AA ခေါင်းဆောင်တွေရဲ့ သားသမီးတွေဟာလည်း နိုင်ငံခြားက ကောင်းပေ့ဆိုတဲ့ကျောင်းတွေမှာ ကျောင်းတက်ပညာသင် ကြားနေ ကြတယ်။

-

အလားတူ ချင်းပြည်နယ်မှာဆိုရင်လည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် စာသင်ကျောင်း တော်တော်များများ မဖွင့်နိုင်ဖြစ်ခဲ့ရပြီး ချင်းလူငယ်လူရွယ် ကျောင်းသား/ကျောင်းသူတွေဟာ လည်း ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်ကို စစ်တလင်း ဖြစ်အောင် ချင်း PDF အကြမ်းဖက်တွေကို မြှောက်ပေးပြီး ချင်းပြည်နယ်ကို ဖျက်ဆီးနေတဲ့ သူတွေကတော့ နိုင်ငံခြားမှာနေထိုင်နေကြပြီး သူတို့ရဲ့ သားသမီးတွေကိုလည်း နိုင်ငံခြားက ကောင်းပေ့ဆိုတဲ့ကျောင်းတွေမှာ ကျောင်းတက်ပညာသင်ကြားခိုင်း နေကြတယ်။

-

ကယားပြည်နယ်မှာဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ ပညာမတတ်တဲ့ KNDF က မာဝီဆိုတဲ့ အကြမ်းဖက်သမားက ကယားပြည်နယ်တစ်ခွင်မှာ တိုက်ပွဲတွေဖန်တီးနေတာ ကြောင့် ကျောင်းပေါင်းများစွာ မဖွင့်နိုင်ဖြစ်ခဲ့ရပြီး အဲဒီဒေသက ကျောင်းသား/ကျောင်းသူ တွေဟာလည်း ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ဟုတ်လား…? မဟုတ်ဘူးလား…? ဆိုတာကတော့ အကြမ်းဖက်သမားတွေက လွိုင်ကော်တက္ကသိုလ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး ပါမောက္ခချုပ်အပါအဝင် ဆရာ/ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနဲ့ ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသား/ကျောင်းသူတွေကို အတင်းအဓမ္မ ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်က သက်သေပါပဲ။

-

ပြောရမယ်ဆိုရင် တချို့အကြမ်းဖက်သူပုန်တွေဟာ သူတို့ကိုယ်တိုင်လည်း ပညာမတတ်သလို တခြားသူတွေ ပညာတတ်သွားကြမှာကိုလည်း အရမ်းစိုးရိမ်ကြပါတယ်။ ဒါ့ကြောင့်လည်း တိုက်ပွဲတွေဖန်တီးပြီး ဒေသ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင်၊ ဒေသခံတိုင်းရင်းသား ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင်၊ လူငယ်လူရွယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးအောင် အဖျက်အမှောင့်လုပ်ရပ်ပေါင်းစုံကို ကျူးလွန်နေကြ တာဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေကိုကြည့်ပြီး အကြမ်းဖက်သူပုန်တွေရဲ့ ပြည်သူတွေအပေါ်ကိုထားတဲ့ သဘောထား အမှန်ကို သိနိုင်ပါတယ်။

-

ဒီလိုမျိုး ကိုယ်ကျိုးရှာ အာဏာရူး အကြမ်းဖက်သူပုန်တွေရဲ့ တိုက်ပွဲဖန်တီးမှုတွေကြောင့် ကျောင်းတွေ မဖွင့် နိုင်ဖြစ်ခဲ့ရပြီး ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရတဲ့ဒေသက ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်တွေရဲ့ အနာဂတ်ကတော့ တကယ့်ကို ရင်လေးစရာပါပဲ။



မင်းဦး

Post a Comment

Previous Post Next Post