နီပိတ်တွေ များများဖတ်ဖို့

Views


ဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ဒီဇင်ဘာ ၁၂ ရက်နေ့လောက်မှာ လာတွေ့ရင်းနဲ့ တပည့်တော်ရဲ့ ဆရာတော်လုပ်ပါဆိုပြီး စည်းရုံးသိမ်းသွင်းတဲ့ ရုပ်သံဖိုင်ကို ကြည့်ဖူးသူလည်း ရှိကောင်းရှိလိမ့်မယ်။ ဆရာတော်ကတော့ ညီညွတ်ရေးကို ဦးစားပေးသူမို့ ငါကတော့ တတိုင်းပြည်လုံးရဲ့ ဆရာတော်ပဲ လုပ်မယ်ဆိုပြီး ဖြေခဲ့ဖူးတယ်။

-

တကယ်တော့ ဆရာတော်ဘုရားကြီးနား နေဖူးသူတွေ ဆိုရင် ဆရာတော်ဘုရားရဲ့ လက်ရင်း တပည့်တွေတောင် အနီထောက်ခံ အားပေးများတယ်ဆိုတာ သိကြမှာပါ။ တချို့ တချို့သော ဘာမှန်းမသိတဲ့ ငနီကြောင်တွေတော့ ဒါတွေသိမှာမဟုတ်ပါဘူး။ ဆရာတော်ကြီးနဲ့ ဒေါ်စုအစိုးရ ခွာပြဲသွားရတဲ့ အကြောင်းက တနိုင်ငံလုံးက ရဟန်းသံဃာတွေကို ဘာသာပေါင်းစုံ ညီညွှတ်ရေးခေါင်းစဉ်နဲ့ ဗုဒ္ဓဘာသာဟာ အခြားဘာသာတွေနဲ့ တန်းတူပါတယ်ဆိုတဲ့ လုပ်ပေါက်ကို NLD ပါတီကိုယ်တိုင်က နေရာမရွေး၊ အချိန်မရွေး ဇောင်းပေးလုပ်လာခဲ့ရာကနေ အစပြုတာ ဖြစ်မယ်လို့ ရိုးရိုးသားသား ယုံကြည်ပါတယ်။

-

ဆရာတော်ဘုရားကြီးဟာ လူမျိုးမြိုမှာ အင်မတန်စိုးရိမ်တတ်တဲ့ ဆရာတော်ဖြစ်တယ်လို့ စိတ်က ယူဆထားပါတယ်။ ဒီကနေ့ ဖြစ်တဲ့ အရေးမှာလည်း နှစ်ဖက်အမှား ဖြစ်တာကို သိတော်မူသလို စိတ်ဝမ်းမကွဲဘဲ ညီညွှတ်ရေးကိုသာ ဦးစားပေးဖို့ မိန့်ဆိုတာဟာ သမာသမတ်ကျပါတယ်။ ကိုယ်ရယ်ချင်တာတခုက ဒေါ်စုနဲ့ ဆရာတော်တို့ရဲ့ Close ဖြစ်မှု အနေအထားသမိုင်းကြောင်းတောင် မသိကြတဲ့ ငနီကြောင်၊ လဒ တွေ၊ ဆရာတော်ကို မိုက်မိုက်ရိုင်းရိုင်း ပြောခဲ့ကြတဲ့ အဆိုတော် အောင်လတို့ ကအစ ၊ ဂူရွှေး၊ ကတုံး ဆိုပြီး ပက်ပက်စက်စက် ပြောခဲ့ကြတဲ့ အနီကြောင် ထောက်ခံသူတွေ အလယ်၊ သံဃာကိုတောင် သံဃာ မှန်း မသိနိုင်လောက်တဲ့အထိ ရိုင်းစိုင်းယုတ်မာတဲ့သူတွေအဆုံးက ခုဖြစ်စဉ်ကြမှ "သေဆုံးသူက အညတရ ဆရာတော်မဟုတ်ဘူးတို့" ၊ ရွှေကျင် ဂိုဏ်းချုပ်က ဘာမှမပြောတော့ဘူးလား " ဆိုပြီး သံဃာထုအရေး ဖြစ်လာအောင် မြောင်းပေးပြောဆိုနေကြတာတော့ အံ့အားသင့်စရာ ပါပဲ။

-

တကယ်တော့ သူတို့ထောက်ခံတဲ့ မိခင်ပါတီကအစ မဘသ မလိုအပ်တော့ဘူး၊ ဓမ္မစကူးတွေ ဖွင့်မှာစိုးလို့ နွေကျောင်းပိတ်ရက်ကို ဆန့်ခဲ့ကြတာတွေ၊ ဇာတိမာန်သီချင်းတောင်ဆိုဖို့ ပိတ်ပင်ခဲ့တာတွေကအစ ရုပ်ပေါက်ခဲ့ကြတာပါ။ တကယ်လို့ NLD ပါတီကသာ ရဟန်းသံဃာတွေကို ဆရာ-တကာ ဆိုတဲ့ ဆက်ဆံရေးမျိုး ထူထောင်ခဲ့ရင်တော့ တစ်မျိုးပေါ့။





(နရီမိုး)

Post a Comment

Previous Post Next Post