နိုင်ငံရဲ့ အနာဂတ်ရတနာများ

Views


နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူသားအရင်းအမြစ်လိုအပ်ပါတယ်။ အဲဒီ လူသားအရင်းအမြစ်တွေ ကလည်း အခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူလေးတွေကနေ ပေါ်ထွန်းလာခြင်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းက စာမတတ်သူပပျောက်ရေး၊ ကျောင်းမနေသူ ပပျောက် ရေးဆိုပြီး အင်တိုက်အားတိုက် လုပ်ကြတယ်။ မြန်မာနိုင်ငံလည်း အလားတူပါပဲ။

-

ဒီနေ့ဆို ကျောင်းတွေ စဖွင့်ပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား/သူ ၆ သန်းကျော် တက်ရောက် ကြပါပြီ။ အားလုံး ပျော်လို့ ရွှင်လို့ပေါ့။ သောင်းကျန်းသူ ကြီးစိုးတဲ့ဒေသတွေက ကလေးတွေတော့ မတက် နိုင်သေးပါဘူး။ သူတို့အတွက် စိတ်မကောင်းသလို နိုင်ငံတော်အတွက်လည်း အလွန်နစ်နာလှပါတယ်။

-

ကျနော် စဉ်းစားလို့ရတာက မြန်မာနိုင်ငံထဲက အကြမ်းဖက်အဖွဲ့တွေပဲ။ နိုင်ငံတကာမှာ စစ်ပွဲအကြီးကြီးတွေ ဖြစ်ရင်တောင် စာသင်ကျောင်းတွေ၊ ကလေးတွေကို မတိုက်ခိုက်ဘူး၊ အတတ်နိုင်ဆုံး ရှောင်ကြတယ်။ မြန်မာ ပြည်မှာကတော့ ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG နဲ့ PDF ၊ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အချို့ဟာ ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်။ ခြိမ်းခြောက်တယ်။

-

စာသင်ကျောင်းတွေကို မီးရှို့တယ်၊ ဗုံးထောင်တယ်၊ မိုင်းခွဲတယ်၊ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/သူတွေကို ခြိမ်းခြောက်တယ်၊ “သ” “ဖြ” နေကြတယ်။ တော်တော်စိတ်မချမ်းမြေ့ဖွယ်ပါ။ ဘာရည်ရွယ်ချက်နဲ့ လုပ်နေမှန်းကို မသိတော့တာ။

-

အခုဆိုရင် UN ဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံကြီးတစ်ခုက ချပြရှင်းလင်းခဲ့လို့ ပညာရေးကဏ္ဍအပေါ် NUG/PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာက သိရှိသွားပါပြီ။ ဒီလိုအကြမ်းဖက်မှုမျိုးကို ဘယ်နိုင်ငံ၊ ဘယ်လူ့ အသိုင်းအဝိုင်းမှလည်း လက်မခံကြပါဘူး။ UN Solutions တွေထွက်လာရင် နိုင်ငံပေါင်းစုံပါတဲ့ အစည်းအဝေး တစ်ခုလုပ်ဖို့ရှိပြီး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ကြတော့မှာပါ။

-

ဆိုချင်တာက .. ဒီမြေမှာမွေး၊ ဒီရေကိုသောက်၊ ဒီနိုင်ငံမှာ ကြီးပြင်းလာကြတဲ့သူတွေအနေနဲ့ အမိမြန်မာနိုင်ငံရဲ့ အနာဂတ်တွေကို စောင့်ရှောက်ပေးကြပါ၊ နိုင်ငံကို မဖျက်ဆီးကြပါနဲ့လို့ ဆိုချင်ပါတယ်။။။



KT

Post a Comment

Previous Post Next Post