နီပိတ်တွေက ရီစရာတော့ ကောင်းသား

Views


ဆရာတော်ကြီးရဲ့ ပြောစကားဖြစ်တဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ပေးပါဆိုတဲ့ စကားလုံးအပေါ် ပြင်ပ မီဒီယာတွေက အဓိကကုတ်ယူပြီး ရေးသားလာကြတာ တွေ့ရတယ်။ အဓိက သူတို့ဖြစ်စေချင်တဲ့ ဦးတည်ချက်က သံဃာထုက ဒီအရေးနဲ့ပတ်သက်ပြီး တော်လှန်ရေးကို ပါလာစေချင်ပုံပဲ။ ခက်တာက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အားလုံးလက်ခံကြတဲ့ အမှန်တရားက ၂ ချက်ပဲ ရှိတာ တွေ့ရတယ်။

-

နံပါတ်(၁)အချက်က ဒီဖြစ်ရပ်ဟာ နှစ်ဖက်စလုံး အမှားရှိတယ်ဆိုတဲ့ လက်ခံချက်ပဲ။ ဒီနယ်မြေဟာ ပဒက်ပေါတယ်။ ဆရာတော်မကြွခင်ကတည်းက ငါန်းဇွန်ဟာ Alphard တစီးကို ဝိုင်းပစ်ခဲ့တဲ့ ဖြစ်စဉ်က ပူပူနွေးနွေး ရှိထားပြီးသား။ ဒီအရပ်ဟာ ခရီးမသွားသင့်တဲ့ အရပ်ဖြစ်သလို မှန်မချဘဲ အတင်းမောင်းတဲ့ ကိစ္စ အပေါ်မှာ အားလုံးက ယူကျိုးမရ ဖြစ်ထားကြတယ်။

-

နံပတ်(၂) အချက်က လုံခြုံရေးဆိုင်ရာ ရှုထောင့်ပဲ။ ချောင်းမြောင်းလုံကြံခံရတဲ့ ပြဿနာဟာ စစ်ဆင်ရေးမှာ ကြိုတင်ပြင်ဆင်ခွင့် မရတဲ့ကိစ္စကြီး တခုဖြစ်တယ်။ ဆုံးရှုံးမှုလည်း ပိုများတယ်။ ဒါကို အရေးယူ စေချင်ရင်တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု ဖြစ်စေနိုင်တယ်။

-

သံဃာအပါး ၁၀၀ ကျော် အသတ်ခံရချိန်တောင် လမ်းပေါ်မထွက်၊ တုပ်တုပ်မလှုပ်ရဲ၊ အသံမထွက်ရဲခဲ့ကြတဲ့ သံဃာအတုတွေက ခုချိန်မှ ဆရာတော်ဘုရားက သည်းခံ၊ ခွင့်လွှတ်မေ့ပျောက်ဖို့ပြောတဲ့အပေါ်မှာ ရင်ထုမနာ ဖြစ်နေကြတာကလည်း ထူးဆန်းတယ်။

-

မသိရင် .... မကျေနပ်တဲ့ သံဃာတွေအားလုံး လမ်းပေါ်ထွက် ဆန္ဒပြကြကွာလို့ ပြောစေချင်ပုံပဲ။ ဘယ်အစိုးရ လက်ထက်မှာမှ ဒီလို ထေကြီးဝါကြီးဆရာတော်ကြီးတွေက တိုင်းပြည်ညီညွတ်ရေး ပျက်ပြားစေတဲ့ အဆိုအမိန့်တွေကို မိန့်မှာမဟုတ်တာသိသိနဲ့ သူတို့ဖြစ်စေချင်သလို ဖြစ်မလာတဲ့အပေါ်မှာ တရားခံ ရှာလိုက်ပုံလို့ပဲ တွေးပါတယ်။

-

သူတို့ကိုးကွယ်ယုံကြည်လက်ခံတဲ့ ဆရာတော်ရဲ့ မိန်းမကိစ္စ အရှုပ်အထုပ်ပေါ်ချိန်မှာ တိတ်တိတ်နေပြီး ပြဿနာမကြီးထွားအောင် သည်းခံဖို့ပြောတဲ့သူကိုမှ လက်ညိုးထိုးပြတာကတော့ ....လူရယ်စရာ ဖြစ်တာပေါ့။





(နရီမိုး)

1 Comments

  1. Kamma Picayo, Vipaka Picayo: Sabai Satta Kamma Sakar

    ReplyDelete
Previous Post Next Post