မြန်မာအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ သဘောထား

Views


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာဏာရပါတီဖြစ်သော အေဝါမီလိဂ်ပါတီ အတွင်းရေးမှူးဖြစ်သလို ဘင်္ဂလားဒေ့ရှ်လမ်းပန်းဆက် သွယ်ရေးနှင့်တံတားဝန်ကြီး အိုဘီယာဒေါ ကွာဒါက ပြီးခဲ့သောရက်ပိုင်းတွင်ဖြစ်ပွားခဲ့သော စိန့်မာတင်ကျွန်းရှိ အစားအစာတင်ဆောင်လာသောသင်္ဘောများကို ပစ်ခတ်မှုသည် ရခိုင်လက်နက်ကိုင် AA အဖွဲ၏လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

-

ဘင်္ဂလားဒေ့ရှ်လမ်းပန်းဆက်သွယ်ရေးနှင့်တံတားဝန်ကြီး ကွာဒါက" စိန့်မာတင်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေဟာ ရခိုင်လက်နက်ကိုင် AA ရဲ့ လက်ချက်ဖြစ်ပါတယ်။ မြန်မာအစိုးရတပ်ဖွဲတွေ လုပ်ဆောင်တာမျိုးမဟုတ်ပါဘူး" ဟုပြောသည်။

-

စိန့်မာတင်ကျွန်းတွင် ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသအခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

MTNews

Post a Comment

Previous Post Next Post