တည်ငြိမ်လာပြီဖြစ်တဲ့ ရှမ်းတောင်

Views


တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် မေလ ၂၉ ရက်နေ့ကစပြီး တောင်ကြီးမှ ဆီဆိုင်၊ လွိုင်လင်လေး၊ လွိုင်ကော်ကားလမ်းတစ်လျောက်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ထိုလမ်းမကြီး ပေါ်မှာလည်း ကားကြီး ကားငယ်များ ပုံမှန်ဖြတ်သန်း သွားလာနေကြပါပြီ။

===

တပ်မတော်အနေနဲ့ လမ်းကြောင်း ထိန်းရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ စစ်ကြောင်းထိုးရာ လမ်းတလျောက်ရှိ မြို့/ရွာတွေမှာရှိတဲ့ ဒေသခံပြည်သူတွေကို ကျန်းမာရေးဆေးကုသပေးမှုတွေကို မေ ၃၀ ရက်နေ့ကတည်းက စတင်ဆောင်ရွက်နိုင်ခဲ့လို့ ဇွန်လ ၈ ရက်နေ့မှာ လွိုင်ကော်မြို့၊ လယ်တွဲရွာ၊ ကုန်းသာရွာ၊ ထီရိရွာ၊ ကယန်းသာယာရွာတွေမှာရှိတဲ့ ဒေသခံတွေကို ဆေးကုပေးနိုင်ခဲ့သလို နေရပ်စွန့်ခွာဒေသခံတွေ ကိုလည်း ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်နဲ့ စားသောက်စရာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

===

KNDF/KNPP/PNLA အဖွဲ့တွေ ထိန်းချုပ်ခဲ့တဲ့ လွိုင်ကော်ဒေသက ပြည်သူလူထုဟာ ထိုအကြမ်းဖက် အဖွဲ့တွေကို လက်မခံတော့ဘဲ တပ်မတော်ကို ရန်သူ့လှုပ်ရှားမှုသတင်းများ ပေးနိုင်ခဲ့တဲ့အတွက် ရန်သူများကို ချေမှုန်းနိုင်ခဲ့ပြီး တည်ငြိမ်အေးချမ်းလာခြင်းဖြစ်ပါတယ်။

===

ယခုဆိုရင် ဒေသခံပြည်သူတွေဟာ တပ်မတော်နဲ့ လက်တွဲပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး အစီအမံတွေကို အတူတကွ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ ဆေးကုသပေးခြင်း၊ စာသင်ကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ခြင်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံများကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုကြကြောင်း သိရပါတယ်။

===

အေးချမ်းစွာနေလိုတဲ့ ပြည်သူတွေကတော့ မည်သည့် အကြမ်းဖက်သူပုန်အဖွဲ့မဆို လက်မခံဘဲ တပ်မတော်ကို ရန်သူ့သတင်းများပေးခြင်းဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဟာ အေးချမ်းသာယာတဲ့ အသီးအပွင့်တွေကို စတင်ခံစားနေရပြီဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။



KT

Post a Comment

Previous Post Next Post