သေချာစဉ်းစားကြည့်ပေါ့

Views


တိုင်းပြည်ကို မပျက်ပျက်အောင် ဖျက်ဆီးတဲ့ အထဲမှာ ထိပ်ဆုံးကပါတဲ့ ပြည်ပြေးဒေါ်လာစား မီဒီညာတွေ၊ သတင်းတု/ သတင်းမှားတွေ၊ ကောလာဟလတွေ၊ ဂျင်းသတင်းတွေနဲ့ ပြည်သူကို သတင်းအဆိပ်သင့်အောင် အဆိပ်ခတ်နေကြတယ်။

-

၂ သောင်းကျပ်တန်တွေ ရိုက်ထုတ်ချင်တိုင်း ထုတ်နေတယ်တို့ ဘာတို့၊ ဝန်ထမ်းတွေရဲ့ လစာထဲမှာ ပါလာမယ်တို့ဘာတို့။ အဲတုန်းကလည်း သူတို့ပဲ ပြောကြတယ်။ အခုရော အဲ ၂ သောင်းတန်မြင်ဖူးကြပြီလား? ပြည်သူတွေလက်ထဲကို ရောက်ပီလား? အောက်တန်းကျ အဆင့်အတန်းမရှိတဲ့ အရေးအသားတွေနဲ့ အတင်းတုတ်နေသလိုပဲ။

-

နိုင်ငံက ဆင်းရဲတာလည်း မပြောနဲ့ တိုးတက်မယ် ကြံသေးတယ် အဖျက်အမှောင့်က ဝင်နေပြီ။ သူတို့မွေမွေ အတိုင်းပဲ ကမ္ဘာကိုပတ်ပြီး စီးပွားရေး ပိတ်ဆို့ပေးပါဦးတို့၊ ပြည်တွင်းမှာကျ ရွှေ/ငွေ/ဒေါ်လာ/စက်သုံးဆီ/ ရှိရှိသမျှ ကုန်ဈေးနှုန်းတွေကို မတက်တက်အောင် ကောလာဟလနဲ့ လုပ်၊ တိုင်းပြည်က မငြိမ်းချမ်းဘူးဆိုတဲ့ ပုံစံနဲ့ အပြစ်မဲ့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူတွေကို ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်၊ ပြီးတော့မှ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တပ်။ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူတွေကို တရားဥပဒေမဲ့ tတ်ဖြတ်တာ ဘယ်နိုင်ငံမှာ ကြားဖူးလို့လဲ? သတ်လို့ရောရလား?



#MinZawLwin

Post a Comment

Previous Post Next Post