များနေပြီ ယိုးဒယားတွေ

Views


NOM ဇွန် ၈၊ ၂၀၂၄



ထိုင်းနိုင်ငံတွင်ခွဲစိတ်ကုသမှုခံယူရန် ဆေးရုံတက်နေသော မြန်မာအမျိုးသား ကိုကျော်စွာအောင်ကိုဆေးရုံတွင် ဇွန်လ ၆ ရက်က သေနတ်ဖြင့် ပစ်သတ်သူမှာ ထိုင်းရဲတပ် ကြပ်ကြီးဖြစ်ကြောင်းသိရသည်။



မူခွန်ကန်ခရိုင်အစိုးရဆေးရုံတွင် နောက်ကျော အကြိတ်ခွဲစိတ်ရန် ဆေးရုံတက်နေသော မြန်မာအမျိုးသား၏ဘေးတွင် လူသတ်မှုကျူးလွန်သော ထိုင်းရဲတပ်ကြပ်ကြီး၏ ဖခင်က ဆေးရုံတက်နေပြီး အဆိုပါမြန်မာလူနာကြောင့် သူညဖက် အိပ်မရကြောင်း သားဖြစ်သူကိုတိုင်တန်းသဖြင့် သားဖြစ်သူကဆေးရုံသို့လာရောက်သတ်ခြင်းဖြစ်သည်။



လူသတ်မှုကျူးလွန်သောညရဲတပ်ကြပ်ကြီးညဘီယာပေါင်သည်ဇွန်လ ၈ ရက်မနက်က ကိုယ်တိုင်လာရောက် အဖမ်းခံခြင်းဖြစ်သည်။စိတ်ကျရောဂါခံစားနေရသောအဆိုပါရဲတပ်ကြပ်ကြီးက အဘယ်ကြောင့် မြန်မာအမျိုးသားကို သတ်မိခြင်းမသိဟုထွက်ဆိုထားသည်။



#News Of Myanmar NOM

Post a Comment

Previous Post Next Post