AA နှင့် အစွန်းရောက်ရခိုင်တို့၏ ရက်စက်ယုတ်မာမှု

Views


(ရွှေနဒီ အမြန်ရေယာဉ်အား AA သူပုန်တို့မှ ပြန်ပေးဆွဲပြီး နိုင်ငံ့ဝန်ထမ်းမျးအား AA နှင့် ရခိုင်တို့မှ နောက်ဆက်တွဲ လူမဆန်စွာ ရက်စက်စွာ သတ်ဖြတ်မှုဖြစ်ရပ်အမှန် ကို စာရေးသူ "အယ်ဒီတာ့" နှလုံးသားက နိုင်ငံ့ဝန်ထမ်းလေးများအတွက် (တာဝန် မဲ့လွန်းတဲ့ အစိုးရအကြား) ဆို့နင့် နာကျည်း နာကျဉ်စွာ ကျလာတဲ့ မျက်ရည်များစွာဖြင့် ဖြစ်ရပ်မှန်/ဖြစ်စဉ်မှန်ကို မခြွင်းမချန် ရေးသားဖေါ်ထုတ်လိုက်ရပါသည်)

=====

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အောင်မြေကုန်းရွာသားတစ်ဦးနဲ့ အုန်းချောင်းရွာခံ တစ်ဦး ပြောပြသည့် အကြောင်းအရာများအား နားထောင်ရင်း စိတ်ထိခိုက်လွန်းရသဖြင့် အသားတွေ တဆတ်ဆတ် တုန်လာ ရသည်။

=====

(၂၆ ၁၀ ၂၀၁၉) အောင်မြေကုန်းမှ ရေဘုတ်ရွာကို ရခိုင်စကားမတတ်သော မြန်မာဝန်ထမ်း (၅၀ )ဦးအား လှေ(၃)စီးဖြင့် ကူးလေသည်။ ပထမအသုတ် (၁)စီးလျင် ( ၁၀ )ဦးခန့် တင်ကာဖြတ်လေသည်။ ထိုအချိန် ရဟတ်ယာဉ် လာပစ်သောအခါစက်လှေ (၃)စီးသည် ရေဘုတ်ရွာဘက်တွင် အုပ်အော်သောင်းနင်းဖြစ်၍ လူများပြေးကျလေသည်။ AA အစောင့်တို့ပစ်သောသေနတ်မှန်၍ ၁၀ ဦးကျော် တေ၍ ငစံဘော်ချောင်း အတွင်းမြှပ်လေသည်။ ကျန်(၂၀)ခန့်မှာ ခြေဦးတည့်ရာ ပြေးရင်း စစ်တပ်လက်ထဲ ၁၅ ယောက် ပြန်ရောက်သည်။ AAတို့ ဖမ်းဆီးချုပ်နှောင်ထားသည့် တပ်မတော်သား (၅)ယောက်မှာ ရေဘုတ်ရွာနှင့် ကျောက်တန်းရွာသူ/ရွာသား/ကလေး/လူကြီး (၁၅၀)ကျော်မှ ဓါးမများဖြင့် အပိုင်းပိုင်း အတစ်တစ် ဝိုင်းဝန်း ခုတ်တတ်လိုက်ကြပြီး ဓနိတောအတွင်း အလောင်းများ ဖြောက်ဖျက်ပြစ်လိုက်ကြသည်။ စံဘော် ချောင်း အတွင်း ၂ရက်အကြာ မျောလာသော လူသေအလောင်းတို့သည် ထီးစွဲရွာ အနီးရွာသားများမှ အလောင်း ဖြောက်ပစ်ကြသည့် အလောင်းများပင်ဖြစ်ပါသည်။

=====

(အလောင်းဖျောက်တာကိုရေးပါမည်)

ဒီအပိုင်းသည် သေသေခြာခြာဖတ်စေချင်သည်။ လှေ ၃စီး ဗမာ (၅၀) မဆံသဖြင့် ပထမအခေါက် (၃၀) ကူးချိန် လေယာဉ်ပစ်သည် (၃၀)သည် ရေဘုတ်ဘက်ရောက်၍ (၁၀)ဦးအား AA မှ “သ”တ် (၅)ဦးအား ရေဘုတ်ရွာသူ ရွာသားများမှဓါးမများဖြင့် ခုတ်တတ်လိုက်ကြသည်။ လွတ်မြောက်သွားသော(၁၀) ယောက် သည် စစ်တပ်လက်ကိုရောက်သွား၍ အသက်ရှင်သည်။

=====

(အောင်မြေကုန်းတွင် ကျန်သည့် အရာရေးမည်)

အဖမ်းဆီးခံဗမာ (၂၀) နှင့် ရခိုင်စကားပြော (၂၅) ယောက်ကျန်သည် အခု AA မှ ရခိုင်(၂၅) ယောက်ကို ပြန်လွှတ်ပေးပြီးကျန် ဗမာ (၂၀) ဘယ်ရောက်နေလဲဆိုတဲ့ နောက်ဆက်တွဲက …. ရခိုင်(၂၅)ယောက်နှင့် ဗမာအယောက် (၂၀)သည် အောင်မြေကုန်း၊ ရေမြက်၊ ညောင်ပင်လှရွာများတွင် လူခွဲ၍ အိမ်များတွင် ဝှက်ထားကြပါသည်။

=====

(၂၇၊အောက်တိုဘာ၊၂၀၁၉) ရက်နေ့ တွင် AA သူပုန်တို့မှ ဖမ်းဆီးထားသည့် မြန်မာဝန်ထမ်းများအား စက်လှေ ကြီး(၂)စီးဖြင့် အောင်မြေကုန်းမှ ရသေ့တောင်မြို့နယ်၊ အုန်းချောင်းရွာကို ခေါ်ကာ အုန်းချောရွာသူ/ ရွာသားများ/ ကလေးသူငယ်များမှ ဓါးမများဖြင့် ဝိုင်းခုတ်စေပြီး လူသတ်ပွဲကျင်းပကြလေသည်။

=====

AA တပ်ရင်းမှူး ထွန်းဝင်းထံသို့ ထွန်းမြတ်နိုင်မှ ဖုန်းဆက်ကာ ဗမာ (၂၀) ထဲက အရေးကြီးသူကိုသာ ထားပြီးကျန်သူများ တတ်ပြစ်ရန် အမိန့်ပေးလေသည်။ အုန်းချောင်းရွာ ပတ်လည်တွင် AA တပ်ဖွဲ့ဝင်နှင့် ရွာသားများ စောင့်နေသည်။ အစွန်တွင် တဲတလုံး၌ လူ(၂၅) ယောက်ထမင်းထိုင်စားနေပြီး ဗမာ(၂၀) သည် မြေပြင်တွင် ဝမ်းယားမှောက်ကြိုးတုတ်ထား ကြသည်။ AA ထွန်းဝင်းမှ နာမည်၊ လိပ်စာ၊ အလုပ် အကိုင်မေးသည်။ ဗမာ (၂၀)သည် အမှန်အတိုင်း ဖြေသော်လည်း ရွာသူ/ရွာသား/ကလေးလူကြီးမကျန် ဝိုင်းဝန်း ထုထောင်းကာ ဆဲဆိုကြလေသည်။ သိမ်းထားသော ဖုန်းများအားစစ်ရာ ရဲဝတ်စုံနှင် ဓါတ်ပုံရိုက် ထားသော (၅)ဦး ဖော်ထုတ်နိုင်ခဲ့သည်။ ထို(၅)ယောက်အား ထမင်းစားတဲ၏ အနောက်ဘက် ပေ(၁၀၀) ခန့်အကွာ ချောင်းစပ်သို့ခေါ်သွားပြီး နားထင်ကို သေနတ်များဖြင့်တေ့ပစ်တတ်လိုက်ကြသည်။ အားလုံး အကြောဆွဲကာ ဦးခေါင်ကျည်မှန်ဒါဏ်ရာ ဖြင့်လူးလွန့်သေလေသည်။

=====

AA လူသတ်သမားတို့သည် ဗမာ (၁၅) ယောက်အား အမှန်ပြောပါက မတတ်ကြောင်း၊ လိမ်ညာပါက တတ်မည်ဟုပြောရာ ရဲ(၃)ယောက်မှ အကြောက်လွန်ပြီးအမှန်အတိုင်း ဝန်ခံလေသည်။ ရာထူးအဆင့်များ မေးပြီး စခန်းအင်အားများမေးရာ ရန်ကုန်မှလာသဖြင့် ဘာမှမသိဟု ဖြေလေသည်။ AA လူသတ်သမား တို့လည်း ထိုရဲ (၃)ယောက်အား ချောင်းဘေးခေါ်ကာ သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်ကာ တတ်လိုက်ကြလေသည်။ နေပြည်တော်မှလာသော ပန်းရံ သမား (၃)ယောက်သည် သူတို့စစ်သားမဟုတ်ဟု ပြောရာ ရွာသူရွာသားများမှ ဗမာဆိုဘယ်ဗမာမှအရှင်မထားနဲ့လို့ဝိုင်းအော်လို့ AA အဖွဲ့မှ ၎င်းဗမာပန်းရံ(၃) ဦးအား ပက်လက်လှန်ပြီး နှဖူးကိုသတ်နတ်ဖြင့်တေ့ပြီးပစ်ခတ်တတ်ပစ်လိုက်ကြသည်။ စုစုပေါင်း (၁၁) ယောက်တတ်ပြီးချိန် AA အဖွဲ့များထမင်းစားလေသည်။ ရွာမှ ဝက်သား ကြက်သားများ လာပို့ရင်း ကြိုးတုတ်ခံ ဗမာ (၉)ဦးနှင့် လူသေ (၁၁)ယောက်အား ကြည့်ကာ အရေးတော်ပုံ အောင်ပါစေ ဟု ရွာသားများ ဝိုင်းအော်ကြလေသည်။

=====

ထိုအချိန်ဒီရေတိုးပြီး ရေတက်လာသဖြင့် ချောင်းစပ်မှ အလောင်းများ မျောမသွားစေရန် ရွာသားများ ကုန်းပေါ် မ တင်ကြလေသည်။ ထမင်းစားပြီးသော် ဗမာ (၄)ယောက်အား အလောင်းပုံနား ခေါ်သွားလေသည်။ ထမင်းစားနေသော ရခိုင်(၂၅) ယောက် ဝမ်းယားမှောက်နေသော ဗမာ( ၅) ယောက် ရွာသား (၅၀) ကျော် ရှေ့တွင် ရွာသား ကလေးငယ်များကို သေနတ်ဖြင့် ပစ်တတ်ခိုင်းလေသည်။

=====

ထိုထဲတွင် မောင်တောဘက်သို့ စာလာသင်သော မကွေးမှ ကျောင်းဆရာ တစ်ဦးပါလေသည်။ ထို ကျောင်းဆရာအား ကျောင်းနာမည်သာပြောနိုင်ပြီး ရွာလူကြီးနာမည်မပြောနိုင်သဖြင့် လိမ်သည်ဟုဆိုကာ ၎င်းရွာသူရွာသားများကို ဓါးမများဖြင့် ခြေနှစ်ချောင်း လက်နှစ်ဖက်ကို အရှင်လတ်လတ်ဖြတ်ခိုင်းပြီး မသေမရှင် အကြောဆွဲနေစဉ် ကလေးငယ်များကို ဓါးချွန်များဖြင့်ဝိုင်းထိုးစေခဲ့သည်။ ရွာသားများခဏ ငြိမ်သွားသည်။ AA ထွန်းဝင်းမှ ရွာသားများဘက်လှည့်၍ အရေးတော်ပုံအောင်ပြီဟု အော်လေသော် ရွာသားများ လက်ခုပ်ဝိုင်းတီးကြလေသည်။

=====

(၂၇) ရက်နေ့ ည လှေ သေး(၄)စီးဖြင့် မေယုမြစ်ကို ကျော်ကာ ဗမာ(၅)ဦး ရခိုင်(၂၅) ဦး AA အဖွဲ့သည် မေယုတောင်ကြောကိုတက်ကာ တပ်ဖြောက်နေကျသည်။ ထိုနေ့ ညနေစောင်းတွင် အုန်းချောင်း ရွာသားများသည် အလောင်း(၁၅) လောင်းအား ရွာနှင့် မနီးမဝေး ချောင်းစပ်တွင် မြှပ်နှံကာ အလောင်းဖြောက်ကြလေသည်။ ထို့နေ့တွင် AA ခိုင်သုခမှ လေယာဉ်ပစ်၍ ဗမာအားလုံးသေပြီ ဟုပြောလေသည်။ အရေအတွက်မပါ ဖော်ပြလေသည်။ လေယာဉ်ပစ်၍ ချောင်းထဲမျောသော် အလောင်းရမည် ဖြစ်သော်လည်း အခု အလောင်းမရ စနစ်တကျ အကွက်ချ၍ တတ်ကြလေသည်။

=====

(၂၈) ရက်နေ့တွင် ရခိုင်နိုင်ငံရေးသမားတို့သည် လေယာဉ်နဲ့ ဓါးစာခံကယ်လျှင် သေသည်ဟု ဟာသလုပ်ကာ ဖေ့ဘုတ်တွင် အဖွဲ့လိုက်ဖြန့်ကြလေသည်။ ထွန်းမြတ်နိုင်နှင့် AA ရင်းမှူး ထွန်းဝင်းသည် (၂၆) ရက်နေ့ (၁၀) ဦး သတ်ဖြတ်မှု အလုံးစုံအား ကချင်လိုင်ဇာမှ AA စစ်ဦးစီး စောဝေနီ ထံပြောလေသည်။ ပြသာနာ တတ်လိမ့်မည်ဟု စောဝေနီထင်ကြေးပေးခဲ့သည်။

=====

သို့သော် ထွန်းမြတ်နိုင်သည် AA ထွန်းဝင်းအား ရေဘုတ်အနီးရှိ လွတ်မြောက်ဗမာများအား နှုတ်ပိတ်ရန် အောင်မြေကုန်းတွင် ကျန်နေသောမျက်မြင်ဗမာများအား (၂၇) ရက်နေ့ညနေမတိုင်ခင် ရသမျှစစ်ကြော၍ တတ်ပစ်ရန် ရခိုင်(၂၅) ဦးအား ရေငုံနုတ်ပိတ်ကတိတောင်းရန်၊ မပေးပါက စံနမူနာပြသတ်ပစ်ရန် ပြော လေသည်။

=====

(၂၇) ညနေ ခိုင်ထွန်းဝင်းမှ ထွန်းမြတ်နိုင်ထံ ဖုန်းဆက်ကာ အခြေအနေပြောပြီးသော် လူအားလုံးသေပြီ ဟူသော ကြေညာချက်ကို AA မှ စထုတ်ပြန်လေသည်။ AA သည် ဖေ့ဘုတ်ကို အသုံးချသည် တိုက်ပွဲဖြစ်တာနဲ့ ချက်ခြင်း ဗမာ (၂၀၀) သေ AA မသေဟုစာထုတ်သော်လည်း ရွှေနဒီ ကိစ္စတွင် (၂၇)ရက်ညနေမှသာ နောက်ကျပြီး စာထုတ်ပြန်လေသည်။

=====

ပါသွားသည့် ဗမာများတွင် မေယုတောင်ကြောပေါ်ခေါ်သွားသော (၅) ဦးမှ အပ ကျန်သူများ သေလေပြီ ဖြစ်ကြောင်း စိတ်မကောင်းစွာ ဖော်ပြပါသည်။ မိသားစုဝင်များသိရှိစေရန် ကျန်ဗမာ (၅) ဦး ထိုစဉ်က အသက်ရှင်သော်လည်း ယခုအချိန် အစဖျောက်ခံရပြီး တတ်ပြစ်ပြီးဖြစ်ပါသည်။

=====

အထက်ဖေါ်ပြပါအကြောင်းအရာ ဖြစ်စဉ်တို့သည် ယနေ့ဖြစ်စဉ်အမှန်ဖြစ်ပါကြောင်း စာဖတ်သူတို့အား သိစေအပ်ပါသည်။



သတင်းအဖြစ်သာ

Than Soe (POL).The Public Life (Editor)

Invesgating Committee for Violation of Human Rights.

KT

Post a Comment

Previous Post Next Post