လူသတ်/မုဒိမ်း/မူးယစ်ရာဇာ AA

Views


အဓိကရည်ရွယ်ချက်က ဘူးသီးတောင်မြို့မှာ ဘင်္ဂလီ လူမျိုး အယောက် ၁၀၀၀ ထောင်ကျော်သတ်ပြီး နေအိမ်တွေမီးရှို့ခဲ့လို့ ဘင်လူမျိုးစု သိန်းချီ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရတဲ့ကိစ္စကို မဟုတ်ပါဘူး၊မလုပ်ပါဘူးဆိုတာ ဗြောင်ထွက်လိမ်ဖို့ လိုလာလို့ ထွက်ရှင်းရတဲ့ သတင်းစာရှင်းလင်းပွဲလို့ပဲ မြင်ပါတယ်။ ဒါက ပိုပြီး ထင်သာ မြင်သာရှိလို့ ဘူးသီးတောင်လို့ ခေါင်းစဉ်တပ်လိုက်တာပါ။ ကြားထဲမှာ ဘင်္ဂလီတွေ ဖမ်းခေါ်သွားပြီး အသေးသုံးသတ်ဖြတ်တာတွေနဲ့ မုဒိန်းကျင့်တာ မပါသေးဘူး။

-

ပလက်ဝမှာ ရောက်နေတဲ့ AA တွေကလည်း အလယ်တန်း ကျောင်းသူပါမချန် မုဒိန်းကျင့်ပြီး ကိုယ်ဝန်ရမှ ပြန်လွှတ်ပေးတယ်ဆိုတဲ့ GKO ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ရခိုင့်တပ်တော်ဟာ ဘယ်လောက်အောက်တန်းကျတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်နေပြီလည်း ဆိုတာ ပိုပြီး သိသာ ထင်ရှားစေပါတယ်။ ကုလားတန်စီမံကိန်းကို ဖျက်နိုင်ဖို့၊ မဖျက်နိုင်တောင် ခွဲတမ်းရဖို့ ပလက်ဝကို နယ်မြေကျူးကျော်ထားတဲ့ ရခိုင့်တပ်တွေဟာ ချင်းတွေကို လက်နက်အားကိုးနဲ့ လုပ်ချင်တိုင်း လုပ်‌ခွင့်ရနေတာ ဝမ်းနည်းစရာပါပဲ။

-

ပိုပြီး ရယ်ချင်စရာ ကောင်းတာက ၁၉၅ ဖွဲ့ထုတ်ပြန်တာကို ၂၀၃ ဖွဲ့နဲ့ ကာဗာလုပ်ထုတ်ပြန်လာတဲ့ ကလေးသာသာ လုပ်ရပ်တွေကိုပါ AA အနေနဲ့ လုပ်ဆောင်လာတာပဲ။ ရိုနေဆန်းလွင်တို့ပြောတဲ့ ဘင်တွေကို AA လက်နက်ကိုင်တပ်ဖွဲ့တွေ သတ်ဖြတ်မှုဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဘူးသီးတောင်ကို မီးတင်ရှို့တာကလည်း ဂြိုလ်တုဓာတ်ပုံတွေကအစ မှတ်တမ်းတင်ပြီးသားဖြစ်တဲ့အချိန်မှာ မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်လာတာကို တွေ့ရမှာပါ။

-

အချုပ်ဆိုရရင် ဒီသတင်းစာရှင်းလင်းပွဲဟာ ဘင်တွေကိုသတ်တာကို ဗြောင်ကျကျ ပြန်ငြင်းဖို့၊ မူးယစ်ဆေးဝါးလုပ်ပြီး ပိုက်ဆံရလမ်းတခုတည်း ရှိတာကို ခပ်တည်တည်နဲ့ လိမ်ညာထားဖို့၊ တပ်မိသားစုဝင်တွေပါလာတဲ့ သင်္ဘောကို လက်နက်တွေနဲ့ တိုက်ခိုက်တာ အားမရလို့ ကမ်းပေါ်တက်လာရင်တောင် အရှင်မထားခဲ့တဲ့ ရခိုင့်တပ်တော်က ရွှေဗျိုင်းဖြူ ကိစ္စ ချနင်းပြီး ဆင်သရေကို ဆိတ်သရေနဲ့ ဖုံးချင်ရုံထက်မပိုပါဘူး။ လူကိုသတ်ပြီး လူကို ပြန်ကယ်နေပါတယ်ဆိုတဲ့လုပ်ရပ်မျိုးက ရခိုင့်တပ်တော် AA ရဲ့ အကျွမ်းကျင်ဆုံး ဇာတ်ရုပ်ပဲ မဟုတ်ဘူးလား။ တကယ်တော့ ARSA တိုက်ကတည်းက ဒီတိုင်း လက်ပိုက်ကြည့်နေခဲ့သင့်တာ။





(နရီမိုး)

Post a Comment

Previous Post Next Post