အရပ်ဝတ် PDF များသည် အပြစ်မဲ့ပြည်သူမဟုတ်ပါ

Views


NUG လက်အောက်ခံ PDF ဆိုတာ ပရမ်းပတာဖွဲ့စည်းထားတာဖြစ်လို့ အရပ်ဝတ်နဲ့ လက်နက်ကိုင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မရှိတဲ့ကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးမီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများကို ဒလန်အဖြစ် စွပ်စွဲလုပ်ကြံ-တ်ဖြတ်ခြင်းတွေကိုလုပ်ပြီး နွေဦးတော်လှန်ရေးအောင်မြင်မှုအဖြစ်ပုံဖော်လေ့ရှိပါတယ်။

-

NUG အဖွဲ့ရဲ့ မဆို့မပို့ထောက်ပံ့ကြေး အနည်းငယ်သာရတဲ့ PDF အဖွဲ့တွေဟာ ပြည်သူလူထုထံက ဓားမြတိုက်၊ ကားလမ်းတွေပေါ်မှာ ဂိတ်ကြေးကောက်ပြီး တရားမဝင်လုပ်ငန်းများကိုသာ အရပ်ဝတ်ဝတ်ပြီး လက်နက်အားကိုး လုပ်ကိုင်နေကြလို့ ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။

-

အကြမ်းဖက်သမား အရပ်ဝတ် PDF တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အခြေပြုစခန်းများအား တိုက်ခိုက်ချေမှုန်းခြင်း၊ ကျေးရွာအတွင်း အရပ်သားအသွင်ယူ PDF တွေကို ဖမ်းဆီးခြင်းတွေလုပ်လို့ PDF (ကျား/မ) တွေ အဖမ်းခံရခြင်း/သေဆုံးခြင်းတွေဖြစ်လာရင် စစ်တပ်က အရပ်သားပြည်သူကို နှိပ်စက်တယ် -တ်ဖြတ်တယ်ဆိုပြီး အနောက်မီဒီယာတွေအားနဲ့ သတင်းတွေထုတ်ပြန်ပြီး PDF တွေကို အကာအကွယ် ပေးနေပါတယ်။

-

အရပ်ဝတ် ဝတ်ထားတဲ့ PDF အကြမ်းဖက်သမားများဟာ ပြည်သူမဟုတ်သလို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ညှိစွန်းတဲ့ လုပ်ရပ်တွေကို လုပ်သူတိုင်းဟာလည်း အကြမ်းဖက်အားပေးဖြစ်လို့ အရေးယူခံရနိုင်တယ် ဆိုတာ ပြည်သူတွေသိစေချင်ပါတယ်။

Post a Comment

Previous Post Next Post