ဆွမ်းခံကြွလာသည့် ဆရာတော် ဥူးခေမာစာရအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့

Views


မေလ ၁၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့၊ ကုန်းသာဦး ဘုန်းတော်ကြီးကျောင်းမှ ဥူးခေမာစာရ သက်တော် ၅၀ နှစ်၊ ဝါတော် ၂ ဝါသည် မြို့အတွင်း ဆွမ်းခံရန် သွားရောက်စဉ် PDF အကြမ်းဖက်အဖွဲ့ ၅ ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆရာတော်မှာ ယာပခုံးလက်နက်ငယ်ကျည်ဖောက်ဝင်/ထွက်၊ ဝဲခြေသလုံး/ပေါင် လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့။

-

ဥူးခေမာစာရသည် ဒီပဲယင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥကဋ္ဌအဖြစ် ၁၉၉၆ မှ ၂၀၂၀ ပြည့်နှစ်အထိ တာဝန် ယူခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဘုန်းကြီးဘဝဖြင့် အေးချမ်းစွာ ဘာသာရေး ပြုလုပ်နေသူတစ်ဦးဖြစ်ပြီး PDF အဖွဲ့များက ဒလန်ဟု စွပ်စွဲကာ လက်နက်အားကိုးအနိုင်ကျင့် ပစ်ခတ်tတ်ဖြ-တ်ခြင်းဖြစ်ပါတယ်။

-

NUG ရဲ့ မူဝါဒအရ ငါနဲ့မတူ ငါ့ရန်သူအယူအဆဖြင့် PDF များသည် ပြည်သူလူထုကို အကြောက်တရားဖြင့် ထိန်းချုပ်နိုင်ရန် လက်နက်အားကိုး ရက်ရက်စက်စက် လုပ်ကြံtတ်ဖြ-တ်မှုများ ပြုလုပ်လျက်ရှိခြင်းအပေါ် အေးချမ်းစွာနေထိုင်လိုသော ပြည်သူများမှ ရွံရှာ မုန်းတီးနေကြပြီဖြစ်ပါတယ်။

-

အထူးသဖြင့် မြန်မာလူမျိုးများ၏ အထွတ်အမြတ်ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို ညှိုးမှိန်စေသည့် ရဟန်း သံဃာတော်များကို လုပ်ကြံtတ်ဖြ-တ်မှုများပြုလုပ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အထိ ဘုရားသားတော် ရဟန်းသံဃာ ၈၂ ပါး ပျံလွန်တော်မူခဲ့ပြီဖြစ်ပါတယ်။

-

PDF များ လုပ်ကြံtတ်ဖြ-တ်ခဲ့သော ရဟန်းသံဃာများသည် စစ်ရေး၊ နိုင်ငံရေးများနှင့် ပတ်သတ်နေသည့် ပုဂ္ဂိုလ်ကြီးများမဟုတ်ဘဲ ဗုဒ္ဓဘာသာ သာသနာ အဓွန့်ရှည်ရေးအတွက် သာသနာ့တာဝန်များကို အေးချမ်းစွာ ထမ်းဆောင်နေသူများဖြစ်သဖြင့် ရဟန်းသံဃာများအား ယခုကဲ့သို့ ဆိုးရွားရက်စက်စွာ လုပ်ကြံtတ်ဖြ-တ် ခံရခြင်းများအပေါ် ဗုဒ္ဓဘာသာဝင်များအနေဖြင့် များစွာ စိတ်နှလုံးထိခိုက်လျက်ရှိပါတယ်။

-

ဆရာတော် ဥူးခေမာစာရကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ် ။



#ခင်ညိုချော

Post a Comment

Previous Post Next Post