ချန်ပီယံ KNU/PDF အကြမ်းဖက်

Views


သုံးနှစ်ကျော်အတွင်း လမ်းတံတားနှင့် တိုးဂိတ်ပေါင်း (၁၅၀ဝ)နီးပါး ဖျက်ဆီးခံထားရပြီး အများပြည်သူနှင့်သက်ဆိုင်သော လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးမှုကို KNU ၊ PDF ပူးပေါင်းအဖွဲ့များက အများဆုံးပြုလုပ်နေကြောင်း ဖြစ်စဉ်များအရ သိရပါတယ်။

-

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ် တံတားနှင့် မစောတံတားတို့ကိုKNU နှင့် PDF ပူးပေါင်းအဖွဲ့က ရက်ပိုင်းသာခြား၍ မိုင်းထောင် ဖောက်ခွဲမှုများပြုလုပ်ခဲ့ရာ ခရီးသွားပြည်သူအချို့ သေဆုံးထိခိုက်မှုများ ရှိခဲ့ပါတယ်။ “အခုလိုလမ်းတံတား တွေဖျက်ဆီးခံရတော့ ခရီးသွားပြည်သူတွေအတွက်ကအဆင်မပြေဘူးပေါ့။ တောလမ်းတွေကနေသွားရ တာလည်း အဆင်မပြေပါဘူး။ အခုကမိုးတွင်းရောက် လာပြီဆိုတော့ပိုလို့တောင်အဆင်မပြေဖြစ်ရတယ်။ ကားလေးတွေက တခြားလမ်းတွေကသွားလို့ရနေ သေးတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ဘီးလင်းက လူတွေက ရန်ကုန်တို့၊ ပဲခူးတို့ပဲသွားရတော့တယ်။ မော်လမြိုင်တို့ သထုံတို့ဘက်ကိုတော့ သွားလို့ မရတော့ဘူးပေါ့”ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောဆိုထားပါတယ်။

Post a Comment

Previous Post Next Post