KNU/PDF အဖွဲ့မှ ရထားလမ်းအား မိုင်းခွဲဖျက်ဆီး

Views


မေလ ၂၁ ရက် နံနက် ၀၀ နာရီ၂၀ မိနစ် အချိန်ခန့်က သထုံမြို့နယ်၊ ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရထားလမ်းတံတားအား အကြမ်းဖက် KNU/PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

-

နယ်မြေခံလုံခြုံရေးအဖွဲ့ဝ်များမှ မိုင်းပေါက်ကွဲရာ သထုံမြို့နယ်၊ မိုးကောင်း ကျေးရွာအုပ်စု၊ ကလိကျွန်း ကျေးရွာနှင့် ကျွန်းချောင်းရွာကြား မြောက်ဘက် (၁၂)မိုင်ခန့်အကွာနေရာအား သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်-ရန်ကုန်သွား ရထားလမ်း မိုင်တိုင် အမှတ် (၁၂၄/၉)နှင့် (၁၂၄/၁၀)အကြား၊ အရှည်(၆၀)ပေ အကျယ်(၃)ပေရှိ တံတားအမှတ်(၇၈) မှာ မိုင်းခွဲဖျက်ဆီခံထားရကြောင်းနှင့် အကြမ်းဖက် KNU/PDF များ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် တံတားရှိ မီးရထာသံလမ်း ဘယ်/ညာ(၁)ပေခွဲခန့်စီ (၂) နေရာမှာ ပြတ်ထွက် ခဲ့ပြီး ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။


Post a Comment

Previous Post Next Post