ကျုံအိတ်တံတားအား KNU/PDF များမှ ထပ်မံမိုင်းခွဲဖျက်ဆီး

Views


(ခွေးမျိုးတွေက လုပ်ချလိုက်ပြန်ပြီ) .. သူပုန်ဆောက်ပေးထားတဲ့ တံတားတစ်စင်းမှမရှိ၊ ဖျက်ဆီးရေးသာ လုပ်နေတဲ့ လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတွေပဲ ဒုက္ခရောက်ရတယ်။

-

မေလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က အလျား ၉၅ ပေ၊ အကျယ် ၄၁ ပေရှိ သထုံမြို့နှင့် ဘီးလင်းမြို့သို့သွယ်တန်းထားသော ကျုံအိတ်တံတားသံကူကွန်ကရစ် ဘီလီတံတားအား အကြမ်းဖက် KNU/PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

-

အကြမ်းဖက် KNU/PDF များ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏ ပေ ၃၀ ခန့်နေရာမှ ကျိုးကျပျက်ဆီးခဲ့ပြီး ကျပ်သန်း ၁၅၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရှိရပါသည်။

-

ကျုံအိတ်တံတားအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက် တွင် အကြမ်းဖက် KNU/PDF များမှ ပထမအကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး ယခုအခါတွင်လည်း အစားထိုးပြုပြင်ထားသော ဘေလီတံတားအား ထပ်မံမိုင်းခွဲ ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါသည်။

Post a Comment

Previous Post Next Post