Breaking News

Views


မံစီ၊ မိုးမောက်ကို အင်အားအလုံးအရင်းဖြင့် ရက်သတ္တ ၂ ပါတ်နီးပါးကြာ တိုက်ခိုက်နေသော်လည်း မြို့သိမ်းနိုင်ဖို့ဝေး၊ မြို့အနီးသို့ပင် မကပ်နိုင်သော KIA/PDF အကြမ်းဖက်သမားများမှာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရေမတွက်နိုင်အောင်များပြားနေသည့်အပြင် ခဲယမ်း၊ ရိက္ခာနှင့်လူအင်အား ထပ်မံ ရောက်မလာသဖြင့် KIA မှ တပ်ရင်းမှူးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၆ ဦးခန့်မှာ တရုတ်ပြည်၊ လွယ်ဂျယ် ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း။

-

မံစီ၊ မိုးမောက်အနီးတွင်ကျန်ရှိနေသည့် KIA/PDF များမှာလည်းတပ်မတော်၏ မြေပြင်တပ်များနှင့် ထိရောက်သော လက်နက်ကြီးပစ်ကူများကြောင့် ပြန်ဆုတ်မရဘဲ ပိတ်မိနေကာ အလောင်းများနှင့် ဒဏ်ရာရ သူများပုံနေကြောင်း။

-

နောက်ဆုံးအခြေအနေမှာ မံစီ၊ မိုးမောက်မြို့အား တပ်မတော်မှ အပြည့်အဝထိန်းချုပ်ထားပြီး မကြာမီ ရက်ပိုင်းအတွင်း အကြမ်းဖက်သမားများကင်းစင်ကာတိုက်ပွဲများပြီးဆုံးတော့မည်ဖြစ်ကြောင်း အကြမ်းဖက် သမားများအား အမြစ်ပြတ်ချေမှုန်းပေးရန် တောင်းဆိုနေကြသည့် ပြည်သူများအတွက် သတင်းကောင်းပါး လိုက်ပါသည်။

Post a Comment

Previous Post Next Post