သေဒဏ်ပေးရန် ဆန္ဒပြတောင်းဆို

Views






ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်တွင် အသက် (၁၅) နှစ်အရွယ် ရဝမ်မိန်းကလေးငယ်အား မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို သေဒဏ်ပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆိုနေကြသည်။

-

မေလ (၁၀)ရက်က အသက် (၁၅)နှစ်အရွယ် မဂွန်ရိန်ဒူနော်က မိခင်ဖြစ်သူကို မုန့်ညှင်းဆီကြိတ်ရန် ဆီစက်သို့ ကူညီပို့ဆောင်ပေးပြီးအပြန် လူသွားလူလာပြတ်သည့် သက်ငယ်တောတစ်နေရာတွင် မုဒိန်းကျင့် သတ်ဖြတ်ခံ လိုက်ရခြင်းဖြစ်ကြောင်း၊ ရဝမ်မိန်းကလေးငယ်သည် သက်ငယ်မုဒိမ်း အဓမ္မပြုကျင့်ခံခဲ့ရသည်သာမက ညှင်းပမ်းနှိပ်စက်ခြင်း၊ ခြေလက်အင်္ဂါများ ရိုက်ချိုးခံရခြင်းအပြင် လည်ပင်းလှီးကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

-

မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ မဒူနော်၏ ဈာပနနှင့် စီတန်းလှည့်လည်မှုကို ယနေ့ နံနက် ၁၀ နာရီကစပြီး မြို့ခံ ပြည်သူတွေက အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ကာ အေးချမ်းစွာဆန္ဒထုတ်ဖော်၍ မုဒိန်းကျင့် သတ်ဖြတ်သည့် တရားခံကို သေဒဏ်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

-

ဒေသခံများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူ ကူညီပေးခဲ့ ကြောင်း သိရသည်။

-

ယင်းမိန်းကလေးငယ်ကို မုဒိန်းမှုကျူးလွန်သည့် တရားခံသည် မန္တလေးမှ ပူတာအိုမြို့သို့ စတီးသံပန်းအလုပ် လာရောက်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရပြီး မုဒိန်းကျင့်သတ်လိုက်သည့် အမျိုးသမီးငယ်၏ ဖုန်းကို ဖုန်းဆိုင်တွင် လာရောင်းရာမှ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များလက်သို့ အပ်နှံထားကြောင်း သိရသည်။

Post a Comment

Previous Post Next Post