ခေါင်လွမ်းကို လိုင်ဇာသို့ အဝင်မခံ

Views


အင်ဘန်လ၊ ဂမ်ရှောင်၊ ဂွမ်မော်၊ ခေါင်လွမ်းတို့ရဲ့ ပြဿနာက ရှုပ်တယ် .. တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စောင်းချိတ်နေကြတာ .. ခေါင်လွမ်းရဲ့ အားသာချက်က သူ့အောက်မှာ သူ့ကိုချစ်ကြတဲ့ KIA အဖွဲ့တွေရှိတာပါပဲ .. ဒါကြောင့် ခေါင်လွမ်းကို KIO/KIA ဘယ်ခေါင်းဆောင်ကမှ မထိရဲဘူး ..

-

KIA အဖွဲ့ဆိုတာ သိတဲ့အတိုင်းပဲ .. ဟိုးယခင်ကတည်းက ခေါင်းဆောင်တွေကို အချင်းချင်းလုပ်ကြံနေကြဆိုတာ ..

-

အခုလည်း မ(၄၃၇) (မိုးမောက်-မံစီ)ကို တိုက်နေတာ ရက်တော်တော်ကြာပြီ .. ဘာအောင်မြင်မှုမှ မရသလို KIA ၂၀၀ လောက် ကုန်သွားတယ် .. KIA တစ်ချို့ခေါင်းဆောင်တွေက မတိုက်စေချင်တော့ဘူး .. ဒါပေမယ့် ခေါင်လွမ်း က မရ ရအောင်တိုက်မယ်ပြောလို့ .. “မင်းကိုယ်တိုင် အနီးကပ်ကွပ်ကဲပြီး တိုက်”ဆိုပြီး မိုးမောက် ကို ခေါင်လွမ်းရောက်သွားတယ် ..

-

ဘယ်က သတင်းပေါက်လဲမသိဘူး .. လေကြောင်းက လုပ်လိုက်တာ ခေါင်လွမ်း အပါ တော်တော်ထိ သွားတယ် .. ခေါင်လွမ်းကို လိုင်ဇာကို ချက်ချင်းပို့သော်လည်း လမ်းမှာတင် သေဆုံးသွားတယ် .. ဂွမ်မော် တို့အဖွဲ့က စစ်တပ်ကို ခေါင်လွမ်း ၆ လုံး ပေးလိုက်တာများ မသိ .. တိကျလွန်းလို့ပါ။

-

ခေါင်လွမ်း အလောင်းကို လိုင်ဇာထဲ အဝင်မခံဘူး .. အစိမ်းသေဖြစ်လို့ လိုင်ဇာအောက်ဘက်က ဂျာဒူကောင် စခန်းမှာပဲ မြေမြုပ်မယ်လို့ သိရတယ် .. ဂွမ်မော်ကတော့ နွား ၁ ကောင် ဆုံးရှုံးလိုက်ရတယ်ဆိုပြီး မျက်ရည်ချူ နေတယ်။

Post a Comment

Previous Post Next Post