ဒီမိုကရေစီနဲ့မတန်တဲ့ သူပုန်တွေ

Views


တခါတလေကျ ဒီနိုင်ငံက ဒီမိုကရေစီနဲ့မတန်ဘူး။ ဦးသန်းရွှေ အုပ်ချုပ်တဲ့ စနစ်မျိုးနဲ့ပဲတန်တာ။ လှုပ်ရင် လှုပ်တဲ့နေရာ ဗျင်း။ ခုဟာက လူမလေး ခွေးမခန့်ပုံစံ ဖြစ်နေသလိုမျိုး ခံစားရတယ်။

-----

တောင်ငူလမ်းပိုင်းမှာဆို ခဏခဏ ရထားသံလမ်းတွေ မိုင်းခွဲခံရတယ်။ အစိုးရဘက်ကကြည့်ရင် သူ့ပိုက်ဆံမှမသုံးရဘဲ။ ပြန်ပြင်ပေးမှာပဲ။ ဒါပေမယ့် စစ်ဖြစ်နေတဲ့ကာလဆိုတော့ သွားလာဖြစ်ရုံ ဆိုတဲ့ အဖြစ်လောက်ပဲရတော့တယ်။ အရင်လို ခိုင်ခံ့တဲ့ တံတားမျိုး မဟုတ်တော့ဘူး။

----

မိုင်းခွဲခံရတဲ့ ဒေသတွေမှာ လတ်တလော ကုန်ပစ္စည်းတွေ သွားလာတင်ပို့မှုတန့်ကုန်တယ်။ ဈေးကြီးတဲ့ဒဏ်ကို ပြည်သူတွေက တိုက်ရိုက်ခံစားရတယ်။ လမ်းတံတား ဖျက်ဆီးတာဟာ အစိုးရကိုလည်း မထိခိုက်သလို ဘယ်သူပုန်ကိုမှလည်း အကျိုးစီးပွားအားဖြင့် မထိခိုက်ဘူး။ တစ်ခုတော့ရှိတာပေါ့။ အခွင့်အရေးပေးရင် ရှောင်ကွင်းလမ်းမှာ‌တော့ ကားတစီး ဘယ်လောက်ဆိုပြီး ဆက်ကြေးကောက်ခွင့် ရှိချင်ရှိနိုင်သေးတယ်။

-

တခါတလေတော့လည်း စစ်ဖြစ်ပြီးသွားတဲ့နေရာတွေကို ဘာမှပြန်လည်ထူထောင်ရေးမလုပ်ဘဲ ဒီတိုင်းထိုင် ကြည့်နေချင်မိတယ်။ ခုဟာက သူပုန်က ဖျက်၊ အစိုးရကနောက်ကပြင်။ ကြားပြည်သူတွေကသာ အိုးအိမ်‌တွေပျောက်ပြီး ဘဝအသစ်ကို ပြန်စဖို့ ရုန်းကန်နေကြရတာ။



(နရီမိုး)

Post a Comment

Previous Post Next Post