အမေရိကန်နဲ့ တရုတ်ကြားက နစကရဲ့ သံတမန်ရေးကစားကွက်

Views


မြန်မာပြည်သူတွေအများစုရဲ့ စိတ်ထဲမှာ ၁၀၂၇ စစ်ပွဲတွေကြောင့် တိုင်းရင်းသားနယ်မြေတွေ ပဲ့ထွက်ကုန်မှာ စိုးရိမ်တွေးပူလာကြပါတယ်။

-

ဒါ့ကြောင့် ၁၀၂၇ စစ်ပွဲအပေါ်ပြည်သူအများစုရဲ့အမြင်က နောက်ကွယ်က အဓိကပံ့ပိုးပေးသူတရုတ်ဟာ သူ့အကျိုးစီးပွားအတွက် နစကအစိုးရကို အားပေးထောက်ခံမှု လျော့ချပြီး သူ့နယ်စပ်က သူ့ဩဇာခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံကို ထိန်းချုပ်နိုင်ဖို့ လုပ်ခဲ့တာလို့ ထင်မြင်ယူဆနေကြပါတယ်။

-

တရုတ်ဝိုင်းပတ်ပိတ်ဆို့ရေးမူအရ အမေရိကန်က အစဉ်အဆက် တရုတ်နဲ့ဆက်ဆံရေးကောင်းခဲ့တဲ့ မြန်မာအစိုးရများလက်ထက်မှာ မြန်မာနိုင်ငံကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ဒုက္ခပေးခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

-

တစ်နည်းအားဖြင့် တရုတ်ကြောင့် အမေရိကန်နဲ့မြန်မာ အဆင်မပြေဖြစ်ပြီး မြန်မာဟာ အမေရိကန်ရဲ့ တစ်ဖက်သတ်ဖိအားခံ‌နေရတာဖြစ်ပါတယ်။

-

ဒါကိုတရုတ်ကြီးက မြန်မာဘက်က မရပ်တည်ဘဲ ၁၀၂၇ စစ်ပွဲနဲ့ လက်ရှိနစကအစိုးရ (စစ်တပ်) ကို ပညာပေးလိုက်တော့ မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ တရုတ်နဲ့ အဆင်ပြေအောင် အမေရိကန်ဘက်မယိမ်းခဲ့ပေမယ့် တရုတ်က မြန်မာကို မထောက်ခံဘဲကျေးဇူကန်းတဲ့တရုတ်ကို ဆက်ဆံရေးလျော့ချပြီး အမေရိကန်နဲ့ ပူးပေါင်းချင်လာကြပါတယ်။

-

ဒါ့ကြောင့်လည်း မြန်မာပြည်သူတွေထဲမှာ အမေရိကန်နဲ့ ပူးပေါင်းချင်တဲ့ ပြည်သူတွေက NLD နဲ့ NUG ကို ထောက်ခံအားပေးနေကြခြင်းဖြစ်ပါတယ်။

-

တရုတ်နဲ့ အမေရိကန်ကြားထဲမှာ နစကကြီးသံတမန်ရေးကစားကွက်ပြောင်းသင့်ပြီလို့ထင်ပါတယ်။



#ခင်ညိုချော

1 Comments

  1. မနပ်ရင်တော့ငတ်ပေါ့ဗျာ အရင်လိုအတဲ့လူ ရှားသွားပီ ပေါက်ပြားလိုကိုယ်ဘက်ကိုပဲးဆွဲးခြင်တဲ့လူမျိုး ဂေါ်ပြားလိုပြန်ပစ်ဖို့စိတ်ကူးမှမရှိတာ ခွေးထက်ရုတ်တဲ့ကောင်တွေ

    ReplyDelete
Previous Post Next Post