ခင်ဗျားတို့ ဘာဖြစ်ချင်နေတာတုန်း?

Views


အိန္ဒိယနဲ့ မြန်မာအတွက် တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ် ၂ ခုရှိတယ်။ တစ်ခုက တမူးလမ်းကြောင်း။ သူက နေ့စဉ် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃ သောင်း ကျော်လောက်ရှိတယ်။ နောက်တစ်ခုက ရိဒ် လမ်းကြောင်း။ သူက နေ့စဉ် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂ သိန်းလောက်ရှိတယ်။ ဒီလို ကုန်သွယ်မှု ဖြစ်ဖို့ဆိုတာက ပြည်မကလာတဲ့ ကုန်တွေတင်ပို့ရင်းနဲ့ ရလာတဲ့ ငွေကြေးလည်း ဖြစ်တယ်။

-

အိန္ဒိယဘက်က အဓိက တင်သွင်းတာ ပဲမျိုးစုံဖြစ်တယ်။ ချင်းမှာ ဘယ်ပဲမှ မထွက်ဘူး။ နယ်စပ်မြို့တွေ သိမ်းထားရုံမကလို့ ဘာလုပ်လုပ်။ ပြည်မထဲက ကုန်တွေ မစီးဆင်းသရွေ့ မြို့ဝင်ကြေးလောက်ပဲ ကောက်လို့ ရမယ်။

-

မေးပါဦးမယ်။ ခုပျက်စီးသွားတဲ့ ထန်တလန်နဲ့ တီးတိန်မြို့တွေကို တောင်ယာစပါးစိုက်ပြီး ပြန်ပြင်ကြ မှာလား။ ပိန်းဥနဲ့ ဖရုံသီးစိုက်ပြီး အသစ်ပြန်တည်ကြမှာလား။ ချင်းမှာတောင် လက်နက်ကိုင်အဖွဲ့တွေက နည်းတာမဟုတ်ဘူး။ ခင်ဗျားတို့ ဘာဖြစ်ချင်နေကြတာလဲဆိုပြီး လက်ညိုးထိုးမေးရတော့မှာပဲ။



(နရီမိုး)

Post a Comment

Previous Post Next Post