အနာရှိလို့ စပ်ကြတယ်

Views


ကချင်ပြည်နယ်မှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်တော့ ရွာပျက် ၊ မြို့ပျက်တွေ မကြာခဏ တွေ့ခဲ့ရတယ်။ စစ်ဖြစ်တာနဲ့ ပြည်သူတွေဟာ ပြေးကြရတော့တာပဲ။ တော်သင့် ပစ္စည်းလေး ယူပြီး အသက်ဘေးက လွတ်ဖို့ကြိုးစားရတာကိုး။ မွေးထားတဲ့ တချို့သော တိရိစ္ဆာန်တွေဟာ အိမ်မွေး တိရိစ္ဆာန်လို့တောင် ထင်ရက်စရာ မရှိလောက်အောင်အထိ ရိုင်းစိုင်းလွန်းနေခဲ့တာတွေ တွေ့ခဲ့ရတယ်။ ဒါမျိုးက တရွာလည်း မဟုတ်ဘူး။

-

ကဗျာဆရာ ဆန်းကျော်စွာဝင်းရေးသလိုပဲ။ အညာမှာ NUG မွေးတဲ့ မျောက်တွေက ရွာတွေကို ပြန်ခြောက်နေပြီဆိုတာ အမှန်တရားပဲ။ တနိုင်ငံလုံးကို စစ်ဘောင်ဖြန့်ထားရတော့ တပ်ကလည်း အလုံးစုံ မကာကွယ်နိုင်တော့ဘူး။ မုံရွာနဲ့ ရွှေဘိုကြား၊ မန္တလေးနဲ့ မြစ်ကြီးနားကြား ဘယ်ကားမှ ဖြောင့်ဖြောင့် မသွားရဲတော့ဘူး။ ကားဘီး တဘီးစာ လမ်းဘေး ချလိုက်တာနဲ့ ထောင်ထားတဲ့မိုင်းတွေ ကွဲတာကလည်း အစီအရီ။ ပြီးရင် ကာကွယ်ရေး ရံပုံငွေဆိုပြီး ဂိတ်တွေ ဖွင့်ထားတာလည်း မနည်းမနှောပဲ။ ဘုရား တမသွားရရင် ကြိုက်သလို ဆို။ ရဟန်းသံဃာတွေ ဒိတ်ဒိတ်ကြဲ အသတ်ခံရတာလည်း ဒီအညာဒေသပဲ။

-

အညာဒေသက ရွာတွေမှာ စစ်အာဏာရှင် ပပျောက်ဖို့ စစ်တိုက်နေတာလား၊ အဖွဲ့စုံ ဒေသ အကျိုးစီးပွား အတွက် လက်နက်ကိုင်နေကြတာလားဆိုတာ ဒီဒေသက လူတွေ အသိဆုံးပဲ ဖြစ်မှာပါ။ ကိုယ်တွေက စစ်သားလည်း ဖြစ်တယ်။ စစ်အဓိဌာန်ရုံတွေလည်း မြင်ဖူးတယ်။ စစ်ကို မခေါ်ဖို့နဲ့။ စစ်လာရင် အရင်ဆုံး ကျေးရွာ၊ မြို့တွေ ပျက်စီးရမှာကို သိနေလို့ တားခဲ့ဖူးတယ်။ တခြားနယ်စပ်မြို့တွေဟာ အလုံးစုံ ပျက်စီးသွားတောင် အခြေအနေပေးလို့ နယ်မြေတည်ငြိမ်တာနဲ့ ချက်ချင်း မြို့ပြန်တည်ဖို့ လွယ်ကူနိုင်‌ သေးတယ်။ အညာက ဒီလို မဟုတ်ဘူး။ ဘတ်ဂျက်ချပြီး တကူးတက မလုပ်ရင် အရင်လို ပုံစံ ရဖို့ မလွယ်ဘူး။ အညာမှာ မက်လောက်စရာ ဘာစီမံကိန်းမှလည်း ရှိ‌မနေဘူး။

-

အခွန်ကောက်၊ ရေနံမှော်တွေ ဆက်ကြေးယူ၊ ရှိတဲ့ သစ်တောကြိုးဝိုင်းထဲက သစ်တွေ ခုတ်ပြီး အချင်းချင်း သတ်နေရတာကိုမှ တော်လှန်ရေးကြီး ဆင်နွှဲနေတာပါလို့ ကာဗာ လုပ်နေရင်တော့ မပြောတတ်တော့ဘူး။ ခုတော့ ကဗျာ ဆရာတောင် နုကြည်အောက်ဆွဲတွေကြောင့် only me လုပ်လိုက်ရတာကိုထောက်ရင် အနာရှိလို့ စပ်တယ်လို့ပဲ တွေးပါတယ်။





(နရီမိုး)

Post a Comment

Previous Post Next Post