သရက်ကုန်းကပြတဲ့ သက်သေ

Views


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာရှိတဲ့ သရက်ကုန်းကျေးရွာကို TNLA/PDF သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားပြီး ပြင်ဦးလွင်မြို့ အတွင်း ပြည်သူ့ဆေးရုံကြီး၊ ဘုန်းတော်ကြီးကျောင်းတွေကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့တာဟာ အားလုံးအသိပဲဖြစ်မှာပါ။

-

ဆန့်ကျင်ဘက်မီဒီယာတွေအနေနဲ့ တပ်မတော်ကြီး တိုက်စွမ်းရည်ကျနေပြီ စစ်မတိုက်ရဲဘူး ဆိုပြီး ပြောနေ ကြတာတွေ့ရတော့ အရမ်းရီချင်တာ။ လက်ရှိ တပ်မတော်က ပြသွားတာ ၃ ကွက် ပေါ့ဗျာ။ ပထမ တစ်ကွက်က မိုးမိတ်မြို့ဖြစ်စဉ်၊ ဒုတိယတစ်ကွက်က မြဝတီ/ကော့ကရိတ်ဖြစ်စဉ်၊ တတိယတစ်ကွက်ကတော့ သရက်ကုန်းဖြစ်စဉ်တို့ဖြစ်ပါတယ်။ ပထမဖြစ်စဉ်နှင့် ဒုတိယဖြစ်စဉ်တွေကတော့ အားလုံးသိပြီးသား ဖြစ်လို့ မဖော်ပြတော့ပါဘူး။

-

သရက်ကုန်းဖြစ်စဉ်မှာ လက်ရှိအခြေအနေကတော့ တပ်မတော်က သရက်ကုန်းရွာက PDF တွေကို ခြေလျင်တပ်တွေနဲ့အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်လိုက်ပါတယ်။ အင်အား ၁ ထောင်ခန့်နဲ့ ထွက်ပေါက်အားလုံးပိတ်လိုက်ပြီး အပြင်ကနေ ရွာကိုသံစည်းကြိုးကာလိုက်ပါတယ်။ ရွာထိပ် ဘုရားကုန်း ကနေ ည ၇ နာရီထိုးတာနဲ့ လော်စပီကာနဲ့ စစ်သီချင်းတွေဖွင့်ပါတယ်။ သီချင်းသံတိတ်တာနဲ့ ဘယ်ကမှန်းမသိတဲ့ ၁၂၂ နဲ့ ၁၂၀ ဗုံးသီးတွေကျလာပါတယ်။ ဒရုန်းတွေ ဝဲတက်လာပါတယ်။ ၈၁ မမနဲ့ MA 7 ဆိုတာကတော့ မိုးရွာသလိုကျပါတယ်။ ဘယ်ခြေလျင်တပ်မှ တက်မလာတော့ပါဘူး။

-

တပ်မတော်စစ်သည်တွေဟာ အေးအေးဆေးဆေးနဲ့ပစ်မှတ်တွေအလွတ်ရနေလို့ လွဲစရာမရှိတော့တဲ့ ပစ်မှတ် မှတ်ပုံတင်တွေကိုထုတဲ့ အလုပ်သာလုပ်ပါတော့တယ်။ ကျည်ပြန်ဖြည့်ချိန်ရောက်ရင် ဘုရားကုန်းကနေ စစ်သီချင်း ပြန်ဖွင့်ပါတယ်။ အလှူခံဖို့ ဓါတ်ပုံလာရိုက်တဲ့ NUG ရည်မွန်နဲ့ PDF ဆေးသမား ၇၀၀ ကျော်ဟာ ရိက္ခာပြတ်လာတယ်၊ ခဲယမ်းမရှိတော့ပါဘူး၊ စိတ်ဓါတ်ခြောက်ခြားလာတယ်၊ သူတို့ဆရာ TNLA ကလည်း ကွတ်ခိုင်မှာ MNDAA နဲ့ နယ်မြေလုတဲ့ သောက်ပြသနာတက်နေတော့ သူတို့ကိုလည်း မကူနိုင်ဖြစ် လာပါတယ်။

-

နောက်ဆုံးရတဲ့သတင်းကတော့ ဇာလီကျောင်း ဆရာတော်ကို အကူညီတောင်းပြီး ထွက်ပေါက်ပေးဖို့ တပ်မတော်ထံဆက်သွယ်လာပါတယ်။ ၎င်းတို့ကိုထွက်ပေါက်ပေးရန်နှင့် ထွက်ပေါက်မပေးပါက တွေ့သမျှ မြင်သမျှ အကုန်ဖျက်ဆီးပြီး အတင်းဝင်လုံးကာ ဖောက်ထွက်မည် လို့ဆိုပါတယ်။ တပ်မတော်က ခပ်ပြတ်ပြတ်ပဲဆိုလိုက်ပါတယ်။ “ဇ ရှိရင် ဖောက်ထွက်လိုက်..” ဆိုတာပါပဲ။

-

သိပ်မကြာခင် ဖားလားငါးလား ကွဲပြားပါလိမ့်မယ်။

Post a Comment

Previous Post Next Post